ဥတ္တရသီရိမြို့နယ်၌ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်

 

နေပြည်တော်    ဩဂုတ်     ၉


ပြည်ထောင်စုနယ်မြေ နေပြည်တော်    အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ  ပြည်တွင်းထွက် ဆန်၊ ပဲ၊ ပြောင်း၊ ဂျုံနှင့် သီးနှံအခြေခံ တန်ဖိုးမြှင့် စားသောက်ကုန်   ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့က ဥတ္တရသီရိမြို့နယ် တောင်ညိုကျေးရွာအုပ်စု အောင်ချမ်းသိမ်းကျေးရွာ ဓမ္မဓရ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။

 


အခမ်းအနားတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက ကျေးလက်ဒေသနေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးရေးအတွက် အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှ  ကျေးလက်ဒေသထွက် ကုန်ကြမ်းများကို အခြေခံသည့် နည်းပညာသင်တန်း များဖွင့်လှစ်ပို့ချလျက်ရှိရာ     ကျေးရွာနေပြည်သူ များ   တစ်ပိုင်တစ်နိုင်    စီးပွားရေးလုပ်ငန်းများ ထူထောင်နိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်းများရရှိ ကာ မိသားစုဝင်ငွေ တိုးပွားစေရေး   ဆောင်ရွက် ပေးလျက်ရှိကြောင်း  ပြောသည်။

 


ဆက်လက်၍ နေပြည်တော်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်မိုးမိုး အေး၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ် သိန်းတို့က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက် များနှင့် သင်တန်းသား သင်တန်းသူများကို အားပေး စကားပြောကြားကြသည်။    

 


အဆိုပါ သင်တန်းတွင် တောင်ညိုကျေးရွာအုပ်စု အတွင်းရှိ သင်တန်းသား သင်တန်းသူ ၂၀ တက်ရောက်၍ သီးနှံအခြေခံ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ် နည်း ၁၂ မျိုးကို    သင်ကြားပို့ချပေးမည်ဖြစ်ကာ သင်တန်းကာလမှာ  တစ်ပတ်ကြာမြင့်မည်    ဖြစ် ကြောင်း သိရသည်။        

ခရိုင်(ပြန်/ဆက်)