ကြူကုတ်-ဝမ်တိန်တံတား ပြန်လည်ပြုပြင်မွမ်းမံခြင်းလုပ်ငန်းနှင့်ပတ်သက်၍ တွေ့ဆုံညှိနှိုင်း

 

ပန်ဆိုင်း  ဩဂုတ်  ၉


ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် ခရိုင်  ပန်ဆိုင်း(ကြူကုတ်)မြို့ရှိ နှစ်နိုင်ငံနယ်စပ်      ကြူကုတ်-ဝမ်တိန်တံတား ပြန်လည်ပြုပြင် ခြင်းလုပ်ငန်းကို ဇူလိုင် ၂၅ ရက် က       စတင်ဆောင်ရွက်ခဲ့ရာ ဆက်လက်       ဆောင်ရွက်မည့် လုပ်ငန်းများ အဆင်ပြေချောမွေ့ စွာ    ဆောင်ရွက်နိုင်ရေးအတွက်  မူဆယ်မြို့နယ်  လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ(မြို့ပြ)    ဦးကျော် ကျော်မိုး၊   ပန်ဆိုင်း(ကြူကုတ်) မြို့အုပ်ချုပ်ရေးမှူး   ဦးစိုင်းမြတ် အောင်နှင့်        ဌာနဆိုင်ရာများ၊ ယူနန်ပြည်နယ်ခွဲ     ရွှေလီပြည်ပ ရေးရာဌာန  ဒုတိယ ပြည်ပရေးရာ ဌာနမှူး ဒေါ်ဖြူဖြူဝင်း ဦးဆောင် သည့်အဖွဲ့တို့သည် ယနေ့နံနက် ပိုင်းက        နှစ်နိုင်ငံနယ်စပ် ကြူကုတ်-ဝမ်တိန်တံတား မြန်မာ ဘက်အခြမ်း၌       တွေ့ဆုံညှိနှိုင်း ဆွေးနွေးခဲ့သည်။

 


အဆိုပါ   တံတားပြုပြင်ခြင်း ကို  တစ်ဖက်နိုင်ငံမှ   လုပ်ငန်း ဆောင်ရွက်ရာတွင်    လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်    မသက်ဆိုင်သူများ   ဝင်ရောက်မှု  မရှိစေရေးအတွက်    မြန်မာ ဘက်ခြမ်း    တံတားထိပ်ပြင်ပ    ယခင်ကာရံထားသည့်  သုံးမီတာ မှ      ယခုထပ်မံ၍ ကိုးမီတာခန့် နောက်ဆုတ်ကာ  ဘလိတ်ဓား    သံဆူးကြိုးဖြင့် ယာယီ  ခြံစည်းရိုး ထားရှိခြင်း၊ တရုတ်နိုင်ငံဘက်    တံတား   ချဉ်းကပ်ခုံတစ်လျှောက် နှင့်        မြန်မာနိုင်ငံဘက်ခြမ်း တံတားချဉ်းကပ်ခုံတစ်လျှောက်   မီတာ   ၅၀ စီအတွင်း   ကျောက်စီ မြေထိန်းနံရံ       ပြုလုပ်ခြင်းတို့နှင့်  ပတ်သက်၍   လိုအပ်သည်များ        ညှိနှိုင်း       ဆွေးနွေးကြကြောင်း သိရသည်။  

 
ပန်ဆိုင်း(ပြန်/ဆက်)