အကြိမ် (၂၀)မြောက် အာဆီယံတက္ကသိုလ်များအားကစားပြိုင်ပွဲ တက္ကသိုလ်ဝူရှူးအားကစားအဖွဲ့မှ မအေးသစ္စာမြင့် ရွှေတံဆိပ်ဆွတ်ခူး

 

အကြိမ် (၂၀)မြောက် အာဆီယံတက္ကသိုလ်များအားကစားပြိုင်ပွဲ တက္ကသိုလ်ဝူရှူးအားကစားအဖွဲ့မှ မအေးသစ္စာမြင့် ရွှေတံဆိပ်ဆွတ်ခူး

 

နေပြည်တော် ဩဂုတ် ၆ 

 

အကြိမ် (၂၀)မြောက် အာဆီယံတက္ကသိုလ်များအားကစားပြိုင်ပွဲများကို ထိုင်းနိုင်ငံ အူဘွန်ရတ်ချဌာနီမြို့တွင် ဆက်လက်ကျင်းပလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက Sunee Tower ၌ ကျင်းပသည့် ဝူရှူးအားကစားပြိုင်ပွဲ နောက်ဆုံးပွဲစဉ်များဖြစ်သည့် အမျိုးသမီး ထိုက်ချိကျန့်ပြိုင်ပွဲ ၊ အမျိုးသမီး နန်းသောင်းပြိုင်ပွဲ ၊ အမျိုးသား အတွဲအတိုက် ၊အမျိုးသမီး အတွဲအတိုက် ပွဲစဉ်များ ၌ တက္ကသိုလ်ဝူရှူး အားကစားအဖွဲ့မှ မအေးသစ္စာမြင့် က ရွှေတံဆိပ်  နှင့် မမြတ်နိုးအိမ်က ငွေတံဆိပ်ဆုများကို ထပ်မံဆွတ်ခူးရရှိသည်။

 

ယနေ့ကျင်းပသည့် ဝူရှူးပြိုင်ပွဲ ပွဲစဉ် (၁)ဖြစ်သည့် အမျိုးသမီး ထိုက်ချိကျန့် ပြိုင်ပွဲတွင်    မန္တလာတက္ကသိုလ် ကျောင်းသူ        မမြတ်နိုးအိမ် ဝင်ရောက်ယှဉ်ပြိုင်ရာ      ရမှတ် ၉   ဒသမ   ၅၃   ဖြင့်     ဒုတိယ ငွေတံဆိပ်ဆုကို ရရှိခဲ့ပြီး ပွဲစဉ်(၂)ဖြစ်သည့် အမျိုးသမီး နန်းသောင်း ပြိုင်ပွဲတွင် ဒဂုံတက္ကသိုလ်ကျောင်းသူ        မအေးသစ္စာမြင့်       ဝင်ရောက် ယှဉ်ပြိုင်ရာ ရမှတ် ၉ ဒသမ ၆၉  ဖြင့် ပထမရွှေတံဆိပ်ဆုကို ရရှိခဲ့သည်။ 

 


မြန်မာဝူရှူး အားကစားအဖွဲ့ တွင် အားကစားသမား သုံးဦးက ဝူရှူး  အားကစားနည်း  လေးမျိုး ပြိုင်ပွဲခြောက်ခု      ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ် နှစ်ခု၊ ငွေတံဆိပ် နှစ်ခု၊ ကြေးတံဆိပ် တစ်ခုဖြင့် ဆုတံဆိပ် ငါးခုအထိ အောင်မြင်စွာဆွတ်ခူးနိုင်ခဲ့သည်။  

 

  အကြိမ်(၂၀)မြောက်     အာဆီယံတက္ကသိုလ် အားကစား ပြိုင်ပွဲတွင် မြန်မာနိုင်ငံ အားကစား အဖွဲ့အနေဖြင့်        ဘောလုံး၊ ပိုက်ကျော်ခြင်း၊ မြားပစ်နှင့် ဝူရှူး အားကစားနည်း လေးမျိုး ပါဝင် ယှဉ်ပြိုင်ခဲ့ရာ စုစုပေါင်း ရွှေတံဆိပ် နှစ်ခု၊     ငွေတံဆိပ်နှစ်ခု၊    ကြေး တံဆိပ် နှစ်ခု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။    

            
သတင်းစဉ်