ချောင်းဆုံမြို့နယ် ညောင်လမ်းကျေးရွာအုပ်စုတွင် မိုးရွာသွန်းမှုကြောင့် တောင်မြေပြိုကျကာ နေအိမ်တစ်လုံးပျက်စီး

 

ချောင်းဆုံ       ဩဂုတ်      ၆


မွန်ပြည်နယ်  ချောင်းဆုံမြို့နယ် ညောင်လမ်းကျေးရွာ၌  ဩဂုတ်  ၆ ရက် နံနက်  ၆  နာရီ ၄၅ မိနစ်က  မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်မြေပြိုကျကာ ညောင်လမ်းကျေးရွာအုပ်စု အကွက်အမှတ် (၈)ရှိ နေအိမ်တစ်လုံးပျက်စီးပြီး  လူနှင့်တိရစ္ဆာန်  ထိခိုက်မှုမရှိ ကြောင်း သိရသည်။

 


အဆိုပါအိမ်မှာ ပျဉ်ခင်း၊  ပျဉ်ကာ၊  သွပ်မိုး နေအိမ်(လူနေထိုင်ခြင်း မရှိ)   ဒေါ်ရီစိန်ပိုင်ဆိုင်သည့်   နေအိမ်ဖြစ်ပြီး   မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ  ဦးဇော်နိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊  သက်ဆိုင်ရာဌာနမှ တာဝန် ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက  ကွင်းဆင်းပြီး  ပြိုကျပျက်စီး သွားသည့်နေအိမ်ကို  ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ နေအိမ်ပျက်စီး   ဆုံးရှုံးမှုတန်ဖိုးမှာ   ငွေကျပ်  နှစ်သိန်းခန့် ရှိကြောင်း မြို့နယ်သဘာဝဘေး စီမံခန့်ခွဲရေးကော်မတီမှ သိရသည်။


ချောင်းဆုံ(ပြန်/ဆက်)