
တံတားဦး ဩဂုတ် ၆
တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ နိုင်ငံတော်သို့ ပြန်လည်စွန့်လွှတ်မြေ ၃၁၂ ဒသမ ၂ ဧကကို တံတားဦးခရိုင် အုပ်ချုပ်ရေးမှူးထံ သြဂုတ် ၅ ရက်တွင် လွှဲပြောင်းပေးအပ်သည်။
လွှဲပြောင်းပေးအပ်ပွဲတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ကို လင်းက အမှာစကား ပြောကြားပြီး လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်မောင်နီက လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်တည်ဆောက်ရေး စီမံကိန်းအတွက် သိမ်းယူခဲ့သည့် မြေဧရိယာများထဲမှ ကာကွယ်ရေးဝန်ကြီးဌာန သို့ မြေများလွှဲပြောင်းပေးအပ်ခြင်းဖြစ်ကြောင်း၊ ထို့ပြင် စွန့်လွှတ် မြေများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြန်လည်အပ်နှံရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကာကွယ်ရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးရန်အတွက် နိုင်ငံတော်သို့ စွန့်လွှတ်အပ်နှံလာ သည့်မြေဧရိယာများကို နိုင်ငံတော်ပိုင်မြေ (State Land) အဖြစ် သတ်မှတ်ခဲ့ကြောင်း ပြောကြားပြီး ပြန်လည် စွန့်လွှတ်မြေ ၃၁၂ ဒသမ ၂ ဧကကို တံတားဦးခရိုင် အုပ်ချုပ် ရေးမှူးထံ လွှဲပြောင်းပေးအပ်သည်။
ပြန်လည်စွန့်လွှတ်မြေများမှာ သားများဘကျေးရွာအုပ်စုနှင့် ကန်ချောကျေးရွာအုပ်စု ကွင်းအမှတ်(၁၄၂၁-ခ)မှ သားများဘ တောင်ကွင်း၊ (၁၄၂၃)ကွင်း၊ ဘုရားကြီးကုန်းကွင်း၊ (၁၄၂၄-ခကွင်း၊ ပလ္လင်တောင် တောင်ကွင်း)တို့ဖြစ်ပြီး ဦးပိုင်ပေါင်း ၉၈ ခုရှိ မြေဧရိယာ ၃၁၂ ဒသမ ၂ ဧကဖြစ်ကြောင်း သိရသည်။
ရဲတင့်