ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ကိုဗစ်-၁၉ ကုသရေးလုပ်ငန်းများ ပိုမိုထိရောက်စေရေးနှင့် လူနာသေဆုံးမှုများ ကျဆင်းစေရေးဆွေးနွေးပွဲသို့ တက်ရောက်

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ကိုဗစ်-၁၉ ကုသရေးလုပ်ငန်းများ

ပိုမိုထိရောက်စေရေးနှင့် လူနာသေဆုံးမှုများ ကျဆင်းစေရေးဆွေးနွေးပွဲသို့ တက်ရောက်

====================================================

နေပြည်တော် ဒီဇင်ဘာ ၂

ကိုဗစ်-၁၉ ကုသရေးလုပ်ငန်းများ ပိုမိုထိရောက်စေရေးနှင့် လူနာသေဆုံးမှုများ ကျဆင်းစေရေး ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၏ (၂၉-၁၁-၂၀၂၀) ရက်နေ့ ထုတ်ပြန်ချက် အရ မြန်မာနိုင်ငံတွင် လူဦးရေတစ်သန်းလျှင် ကိုဗစ်-၁၉ ဖြစ်ပွားမှုသည် ၁၆၄၅ ဦးရှိပြီး ကမ္ဘာ့နိုင်ငံ/ နယ်မြေ စုစုပေါင်း ၂၃၀ အနက် ၁၄၃ နိုင်ငံမြောက်ဖြစ်ပါကြောင်း၊ ထို့ပြင် လူဦးရေ တစ်သန်းလျှင် ကိုဗစ်-၁၉ လူနာသေဆုံးမှုမှာ ၃၅ ဦးရှိသည့်အတွက် ကမ္ဘာ့နိုင်ငံ/ နယ်မြေ စုစုပေါင်း ၂၃၀ အနက် ၁၃၂ နိုင်ငံမြောက်ဖြစ်ပါကြောင်း၊ လူဦးရေ အချိုး အစားနှင့် မတွက်ချက်ဘဲ ကိန်းဂဏန်းအနည်းအများနှင့် ဆန်းစစ်ပါက ကိုဗစ်-၁၉ လူနာသေဆုံးမှုမှာ ၁၉၁၈ ဦးရှိပြီး ကမ္ဘာ့နိုင်ငံ/ နယ်မြေ စုစုပေါင်း ၂၃၀အနက် ၅၇ နိုင်ငံမြောက် ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ လူနာများအား ပိုမိုထိရောက်စွာ ကုသမှုပေးနိုင်ရေး၊ ကိုဗစ်-၁၉ လူနာများ သေဆုံးမှုကျ ဆင်းစေရေး၊ ကုသမှုဆိုင်ရာ အတွေ့အကြုံများဝေမျှနိုင်ရေးနှင့် ကိုဗစ်-၁၉ ကုသရေးလုပ်ငန်းများအတွက် ပံ့ပိုးဖြည့် ဆည်းပေးနိုင်ရေးအတွက် ဆေးပညာ၊ အရေးပေါ်ကုသမှု ဆေးပညာ၊ မေ့ဆေးပညာနှင့် အပူပိုင်းနှင့်ကူးစက်ရောဂါ ပညာတို့မှ ပါမောက္ခ/ ဌာနမှူးများနှင့် ဆေးရုံအုပ်ကြီးများ တက်ရောက်သည့် ယနေ့ ဆွေးနွေးပွဲကို ပြုလုပ်ခြင်းဖြစ်ပါ ကြောင်း၊ ဝန်ကြီးဌာနမှ ပါမောက္ခ/ ဌာနမှူးများ၊ ပါမောက္ခ များ၊ အထူးကုဆရာဝန်ကြီးများ၊ အထူးကုဆရာဝန်များနှင့် ဆရာဝန်များ၊ သူနာပြုဆရာမကြီးများနှင့် သူနာပြုများသည် ပညာရပ်ပိုင်းဆိုင်ရာ အရည်အသွေးပြည့်ဝစွာ လူနာများ၏ အသက်ကယ်ဆယ်နိုင်ရေးနှင့် လူနာများ ဝေဒနာလျော့ပါး စေရေးအတွက် စိတ်စေတနာပြည့်ဝစွာဖြင့် ကြိုးပမ်းဆောင် ရွက်နေကြသည်ကို မိမိတို့တာဝန်ရှိသူများနှင့် ပြည်သူများ အားလုံးက သိရှိပါကြောင်း။

ချက်ချင်းဖြည့်ဆည်းပေးမည်

အလားတူ ဓာတ်ခွဲ၊ ဓာတ်မှန်ပညာရှင်များ၊ ကုသမှု အထောက်အကူပြုပညာရှင်များသည်လည်း မှန်ကန်တိကျ သော ဓာတ်ခွဲ၊ ဓာတ်မှန်အဖြေများပေးအပ်ခြင်းနှင့် ကုသမှု လုပ်ငန်းများအတွက် လိုအပ်သည့် ပံ့ပိုးမှုပေးအပ်ခြင်းတို့ဖြင့် အကောင်းဆုံး ကြိုးပမ်းဆောင်ရွက်နေကြသည်ကိုလည်း သိရှိ၊ သိမြင်ရပါကြောင်း၊ ပရဟိတစေတနာ့ဝန်ထမ်းများနှင့် အလှူရှင်များကလည်း ဘက်ပေါင်းစုံမှ ပံ့ပိုးဆောင်ရွက် လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ လူနာများအား ပိုမိုအရည် အသွေးပြည့်ဝစွာ ကုသမှုပေးနိုင်ရေး ဆောင်ရွက်ရာတွင် ကုသရေးကဏ္ဍနှင့် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း များဆောင်ရွက်နေသည့် ပြည်သူ့ကျန်းမာရေးကဏ္ဍတို့ လက်တွဲညီ ပူးပေါင်းဆောင်ရွက်ရန်မှာ အထူးအရေးကြီးပါ ကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ဆောင်ရွက်နိုင်သောအပိုင်းနှင့် ဝန်ကြီးဌာနမှ လုပ်ဆောင်နိုင်သော အတိုင်းအတာကို ကျော်လွန်သော အပိုင်းဟူ၍ ရှိပါကြောင်း၊ ကိုဗစ်-၁၉ နှင့် ပတ်သက်၍ ပြည်သူ့ ကျန်းမာရေးနှင့် ကပ်ရောဂါဗေဒပညာရပ် ရှုထောင့်မှ ကြည့် ပါက ရောဂါဖြစ်ပွားစေသော ဗိုင်းရပ်စ်ပိုးကို မိမိတို့အနေဖြင့် ပြုပြင်၍မရပါကြောင်း၊ ရောဂါကူးစက်ခံရနိုင်ခြေရှိသည့် ပြည်သူများတွင် ရောဂါကူးစက်မှုကာကွယ်ရေးနှင့် သံသယ ရောဂါလက္ခဏာရှိပါက စောစီးစွာစစ်ဆေးကုသမှု ခံယူရေး အတွက် ကျန်းမာရေးအသိပညာများ မြင့်မားရန်ကိုလည်း နည်းမျိုးစုံဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခဲ့ပြီး ယခု လက်ရှိတွင်လည်း တစ်ပြည်လုံးအတိုင်းအတာဖြင့် ပါးစပ်နှင့် နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှုစီမံ ချက်အား ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကုသရေးစင်တာများ/ဆေးရုံများနှင့် ကုသရေး ပတ်ဝန်းကျင် အတွက် လိုအပ်သည့် ဆေးဝါးနှင့် ဆေးပစ္စည်းများ၊ အောက်ဆီဂျင်ပိုက်လိုင်းများ၊ အထူးကြပ်မတ်ကုသဆောင် များနှင့် အထူးကြပ်မတ်ကုသဆောင်သုံး ပစ္စည်းကိရိယာများ ကိုလည်း ဝန်ကြီးဌာနမှ ဖြည့်ဆည်းဆောင်ရွက်လျက်ရှိရာ အတိုင်းအတာတစ်ခုအထိ လုံလောက်မှုရှိလာပြီ ဖြစ်ပါ ကြောင်း၊ ထပ်မံလိုအပ်မှုများရှိပါကလည်း အတတ်နိုင်ဆုံး ချက်ချင်းဖြည့်ဆည်းပေးမည်ဖြစ်ပါကြောင်း။

လူနာများအနေဖြင့် ကိုဗစ်-၁၉ ၏ သံသယလက္ခဏာ များ၊ ရောဂါပြင်းထန်မှု အန္တရာယ်လက္ခဏာများနှင့် ပတ် သက်၍ ကျန်းမာရေးအသိနည်းပါးခြင်း၊ မိမိတွင် ရောဂါဖြစ် ပွားနေမှုနှင့် အန္တရာယ်ရှိမှုကို သတိမမူမိခြင်း၊ ဆေးရုံသို့ရောက်ရှိမှုနောက်ကျခြင်းနှင့် လူနာတွင် ရောဂါအခံ ရှိခြင်းတို့ကြောင့် အသက်ဆုံးရှုံးနိုင်ခြေ ပိုမိုများပြားပါကြောင်း၊ မိမိတို့နိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှု ဒုတိယလှိုင်းစတင်ခဲ့စဉ် ကနဦးကာလ၌ ကိုဗစ်-၁၉ သံသယလက္ခဏာရှိသူများသည် ဆေးရုံသို့ လာရောက်ကုသမှုခံယူမှု နောက်ကျကာ အသက် သေဆုံးပြီးမှရောက်ရှိခြင်းနှင့် ဆေးရုံသို့ရောက်ရှိပြီး မကြာ ခင် အချိန်ပိုင်းအတွင်းပင် အသက်သေဆုံးခြင်းများ ရှိခဲ့ပါ ကြောင်း၊ ဆေးရုံများနှင့် ကိုဗစ်-၁၉ ကုသရေးဌာနများသို့ လူနာများ ရောဂါလက္ခဏာများ စတင်ဖြစ်ပွားပြီးနောက် မည်သည့်ရက်တွင် ဆေးရုံသို့ရောက်ရှိသည်၊ ရောက်ရှိချိန် တွင် လူနာ၏ ရောဂါအခြေအနေ၊ ရောဂါပြင်းထန်မှုအခြေ အနေအလိုက် ဆေးရုံတက်ရောက်ရသည့်ရက်နှင့် ဆေးရုံသို့ ရောက်ရှိပြီး သေဆုံးချိန် ရက်ကာလ စသည့် အချက်အလက် များအား သုတေသနပုံစံ ဆန်းစစ်သုံးသပ်မှုများ ပြုလုပ်စေ လိုပါကြောင်း။

လက်ရှိတွင် ပြည်သူများထံ ဖြန့်ဝေနေသည့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့်လူနာနှင့် ပတ်သက်သည့် ကျန်းမာရေးအသိပညာအချက်အလက်များကိုလည်း ပိုမိုကောင်းမွန် ထိရောက်စေရေးအတွက် ဆက်လက်ဆောင်ရွက်စေလိုပါ ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ၏ သဘောသဘာဝသည် အချိန် တိုအတွင်း ရုတ်ခြည်းဆိုသလို ရောဂါပြင်းထန်နိုင်သည် ဖြစ်သဖြင့် လူနာ၏အခြေအနေကို စနစ်တကျစောင့်ကြပ် ကြည့်ရှုရန်မှာ အရေးကြီးပါကြောင်း၊ အထူးသဖြင့် သွေးတွင်း အောက်ဆီဂျင်ပျော်ဝင်မှုတိုင်းတာခြင်းသည် အရေးကြီးသဖြင့် ဆေးရုံတက်စဉ်ကာလတစ်လျှောက်လုံး သွေးတွင်း အောက်ဆီဂျင်ပျော်ဝင်မှုတိုင်းကိရိယာကို အသုံး ပြုတိုင်းတာပြီး စောင့်ကြပ်ကြည့်ရှုခြင်းကို မဖြစ်မနေလုပ် ဆောင်ရမည်ဖြစ်ပါကြောင်း။

သီးခြားဆွေးနွေးမှုများပြုလုပ်

မသန်စွမ်း ကိုဗစ်-၁၉ လူနာများနှင့် အခြားသော အကူ အညီလိုအပ်သည့် လူနာများအတွက် လူနာစောင့်ထားရှိခွင့် ကို သက်ဆိုင်ရာဆေးရုံမှ တာဝန်ခံဆရာဝန်၏ ထောက်ခံ ချက်ဖြင့် ခွင့်ပြုပေးထားပြီဖြစ်သဖြင့် လူနာ၏ စိတ်ချမ်းသာမှု နှင့် ရောဂါစောစီးစွာ ပျောက်ကင်းမှုအတွက် များစွာ အထောက်အကူပြုပါကြောင်း၊ ကိုဗစ်-၁၉ ကုသရေးဆိုင်ရာ လုပ်ငန်းလမ်းညွှန်များကိုလည်း ကမ္ဘာ၌ နောက်ဆုံးတွေ့ရှိချက်များနှင့်အညီ မွမ်းမံခြင်းများ ပြုလုပ်ကာ တစ်ပြည် လုံးရှိ ဆေးရုံများသို့ အင်တာနက်အီးမေးလ်မှတစ်ဆင့် ဖြန့်ဝေပေးလျက်ရှိသည်ကို သိရှိရပါကြောင်း၊ ဆေးရုံနှင့် ကိုဗစ်-၁၉ ကုသရေးဌာနအလိုက် ပြုစုထားသော လုပ်ငန်း လမ်းညွှန်များကိုလည်း အခြားသော ဆေးရုံများနှင့် ကုသရေး ဌာနများသို့ အီးမေးလ်ဖြင့် ဖြန့်ဝေပေးခြင်းဖြင့် ထိရောက် သောကုသမှုများကိုပေးနိုင်ပြီး လူနာသေဆုံးမှု လျော့နည်း မည်ဖြစ်ပါကြောင်း၊ ကုသရေးလုပ်ငန်းများနှင့်ပတ်သက်၍ ပါမောက္ခကြီးများ၊ အထူးကုဆရာဝန်ကြီးများသည် အနယ် နယ်အရပ်ရပ်မှ ဆရာဝန်များနှင့် Video Conferencing ပြုလုပ်ကာ အတွေ့အကြုံမျှဝေဆွေးနွေးမှုများ ပြုလုပ်နေ ခြင်းသည် ကောင်းမွန်ပြီး ဆက်လက်၍ အပတ်စဉ် ပုံမှန် ပြုလုပ်ပေးစေလိုပါကြောင်း၊ ကိုဗစ်-၁၉ ကုသရေးလုပ်ငန်း များ ဆန်းစစ်မှုနှင့် ကုသရေးလုပ်ငန်းများ ပိုမိုကောင်းမွန်စေ ရေးကိစ္စရပ်များအတွက် ပါမောက္ခကြီးများနှင့် အထူးကု ဆရာဝန်ကြီးများ သီးခြားဆွေးနွေးမှုများကိုလည်း ပြုလုပ် ပြီးထွက်ပေါ်လာသည့် ဆုံးဖြတ်ချက်များကို တစ်ပြည်လုံးရှိ ဆေးရုံများသို့ ဖြန့်ဝေပေးခြင်းဖြင့် လူနာသေဆုံးမှုနှုန်း ယခုထက် ပိုမိုကျဆင်းလာမည်ဖြစ်ပါကြောင်း၊ ဝန်ကြီး ဌာနအနေဖြင့် ဆောင်ရွက်နိုင်သည့် ကိစ္စရပ်များကို အတတ် နိုင်ဆုံး ဆက်လက်ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည် ဖြစ်ပြီး ဝန်ကြီးဌာနအတိုင်းအတာဖြင့် လုပ်ဆောင်နိုင်ခြင်း မရှိသည့် ကိစ္စရပ်များကို ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ တင်ပြကာ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ဆေးပညာပါမောက္ခ/ ဌာနမှူး (ငြိမ်း) ပါမောက္ခ ဒေါက်တာဇော်လင်းအောင်က လိုအပ်သည့် ကိုဗစ်-၁၉ လူနာများအတွက် လူနာစောင့်ထားခွင့်ပြုခြင်း တွင် အချို့သူများသည် စည်းကမ်းလိုက်နာမှုအားနည်းသော် လည်း အများစုမှာ စည်းကမ်းလိုက်နာဆောင်ရွက်ကြပြီး ကောင်းကျိုးများ သိသာစွာရှိပါကြောင်း၊ လက်ရှိ၌ ဆေးရုံ များနှင့် ကိုဗစ်-၁၉ ကုသရေးဌာနများတွင် ရောဂါလက္ခဏာ မရှိသူနှင့် သာမန်ရောဂါလက္ခဏာသာရှိသူများ၊ ရောဂါ လက္ခဏာ အလယ်အလတ်ပြင်းထန်သူများနှင့် ရောဂါပြင်း ထန်သူများအားလုံး တက်ရောက်ကုသမှု ခံယူနေခြင်း ကြောင့် ကျန်းမာရေးဝန်ထမ်းများ အလုပ်ဝန်ပိနေမှုတို့ကို တင်ပြခဲ့ပြီး၊ ရောဂါလက္ခဏာမရှိသူနှင့် သာမန်ရောဂါလက္ခ ဏာသာရှိသူ ကိုဗစ်-၁၉ လူနာများက အခြားသော ကိုဗစ်-၁၉ လူနာများအား အချင်းချင်း ပြုစုစောင့်ရှောက်ခြင်းအား စေတနာ့ဝန်ထမ်း (volunteer inside the ward)ပုံစံဖြင့် ဆောင်ရွက်ရန်၊ ကိုဗစ်-၁၉ လူနာများအား ရောဂါအခံ ရှိ/ မရှိ၊ ခုခံအား ကျဆင်းမှု ရှိ/ မရှိ၊ အသက်အရွယ်၊ လက်ရှိ ရောဂါအခြေအနေစသည့် အချက်များကို အခြေခံကာ လူနာ ၏ အန္တရာယ်ရှိနိုင်ခြေအဆင့်ခွဲခြားခြင်း ပြုလုပ်ကာ သင့်လျော်သောဆေးရုံ/ ကုသရေးဌာနတွင် ကုသမှုခံယူရန် (သို့မဟုတ်) သင့်လျော်သောနေရာတွင် သီးခြားထားရှိကာ ရောဂါအခြေအနေ စောင့်ကြည့်အကဲဖြတ်ကာ လိုအပ်သည့် ကုသမှုနှင့် လွှဲပြောင်းကုသမှုပြုလုပ်ရန်၊ ရောဂါ လက္ခဏာ မရှိသူ၊ သာမန်ရောဂါလက္ခဏာသာရှိသူနှင့် အန္တရာယ်ရှိနိုင် ခြေနည်းပါးသူများအား သတင်းနှင့်ဆက်သွယ်ရေးနည်းပညာ များအသုံးပြုကာ ဆွေးနွေးကုသမှုနှင့် ဆေးဝါးပေးပို့မှုတို့ဖြင့် ဆောင်ရွက်သွားရန်စသည်တို့အား အကြံပြုတင်ပြသည်။

ယင်းနောက် ဆေးတက္ကသိုလ် (၁) မေ့ဆေးပညာဌာနမှ ပါမောက္ခ/ ဌာနမှူး ပါမောက္ခ ဒေါက်တာမူမူနိုင်က ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ ကိုဗစ်-၁၉ ဆိုင်ရာ အထူးကြပ်မတ် ကုသဆောင်များတွင် လူနာများ တက်ရောက်ကုသခဲ့မှု၊ ရောဂါအခံရှိသူများ အရေအတွက်၊ ပြန်လည်သက်သာမှု အခြေအနေနှင့် သေဆုံးမှု အခြေအနေများနှင့် ကိုဗစ်-၁၉ လူနာများအတွက် အောက်ဆီဂျင်ပေးနည်းအမျိုးမျိုး၏ ရလဒ်တို့ကို တင်ပြခဲ့ပြီး အထူးကြပ်မတ်ကုသမှုလုပ်ငန်းများ ကို ပိုမိုစောစီးစွာ ဆောင်ရွက်နိုင်ရေး အကြံပြုချက်များ ပေးအပ်သည်။

အကြံပြု

ထို့နောက် ဆေးတက္ကသိုလ် (၁)၊ အပူပိုင်းနှင့်ကူးစက် ရောဂါပညာဌာနမှ ပါမောက္ခ/ဌာနမှူး ပါမောက္ခ ဒေါက်တာ မိုးမိုးစမ်းက ကိုဗစ်-၁၉ လူနာများ ဆေးရုံသို့ ရောက်ရှိချိန် တွင်လည်းကောင်း၊ ဆေးရုံဆင်းချိန်တွင်လည်းကောင်း တစ်စုံတစ်ခု အားစိုက်ဆောင်ရွက်ပြီးချိန်၌ သွေးတွင်း အောက်ဆီဂျင်ပျော်ဝင်မှုတိုင်းတာခြင်း (SPO2 on exertion) ကို ဆောင်ရွက်ရန် အကြံပြုသည်။

ဆက်လက်၍ ဆေးတက္ကသိုလ် (၁)၊ ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာဇော်ဝေစိုးက မိမိတို့နိုင်ငံတွင် ဆေးရုံသို့ မရောက်ရှိမီ ပြုစုကုသမှု စနစ်ကောင်းတစ်ရပ် လိုအပ်နေမှု နှင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ ဆေးရုံများတွင် အောက်ဆီဂျင်လုံလောက်မှုရှိစေရေး ကြိုတင်ပြင်ဆင်ထား ရန် အကြံပြုမှုတို့ကို တင်ပြသည်။

ထို့နောက် ဆေးတက္ကသိုလ် (၁) အရေးပေါ်ကုသမှုဆေး ပညာဌာနမှ ပါမောက္ခ/ ဌာနမှူး ပါမောက္ခ ဒေါက်တာမော်မော် ဦးက လက်ရှိတွင် ဆေးရုံများနှင့် ကိုဗစ်-၁၉ ကုသရေးဌာန များတွင် ကိုဗစ်-၁၉ လူနာများအား ကိုင်တွယ်ကုသမှုပေးနေ သည့် ဆရာဝန်များ၊ သူနာပြုများနှင့် ကုသမှု အထောက် အကူပြုပညာရှင်များသည် လပေါင်းများစွာ နားရက်မရှိ သလောက် လုပ်ဆောင်နေကြပြီး အလုပ်ဝန်များပိနေပါ ကြောင်း၊ ပြင်ပတွင် လူစုလူဝေးများ ပြုလုပ်နေခြင်း၊ ရောဂါ ကာကွယ်ရေးစည်းကမ်းများကို လိုက်နာမှုမရှိခြင်းတို့ကို တွေ့မြင်သိရှိနေရပါကြောင်း၊ ကိုဗစ်-၁၉ လူနာများအား ကိုင်တွယ်ကုသမှုပေးနေသည့် ကျန်းမာရေးဝန်ထမ်းများ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ဓာတ်ခွန်အားပိုင်းဆိုင်ရာ အခြေ အနေများကို သိရှိနိုင်ရေးအတွက် စစ်တမ်းတစ်ခု ပြုလုပ် သင့်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကွင်းဆက်ဖြတ် တောက်နိုင်ရန်အတွက် သက်ဆိုင်ရာ နှီးနွှယ်ဌာနများ၏ ပူးပေါင်းပါဝင်မှုများ ယခုထက်ပိုမိုလုပ်ဆောင်ရန် လိုအပ် နေသည်ဟု ကျန်းမာရေးဝန်ထမ်းများတွင် အမြင်သဘော ထားများရှိနေပါကြောင်း ပြောကြားသည်။

သွေးရည်ကြည် ကုသမှုပေးခြင်းသည် အကျိုးရှိ

ဆက်လက်၍ သွေးရောဂါ ပါမောက္ခ ဒေါက်တာရဲမြက ပြန်လည်သက်သာကောင်းမွန်သွားသော ကိုဗစ်-၁၉ လူနာ ဟောင်း၏ သွေးရည်ကြည်ကိုရယူကာ ကိုဗစ်-၁၉ လူနာများ အား ကုသမှုပေးခြင်းသည် အကျိုးရှိကြောင်းအား ရောဂါ ဖြစ်ပွားမှု အလွန်များပြားနေသော အမေရိကန်၊ အိန္ဒိယနိုင်ငံ အပါအဝင်နိုင်ငံများတွင် လက်တွေ့ကုသမှုနှင့် စစ်တမ်း သုတေသနများပြုလုပ် တွေ့ရှိထားပြီးဖြစ်မှု၊ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ လူနာများအား သွေးရည်ကြည်ကုထုံးဖြင့် ကုသ ပေးမှု အတွေ့အကြုံများ၊ သွေးရည်ကြည်ကုထုံးဆောင်ရွက် ရာတွင် လိုက်နာရမည့် အချက်များကို ပြောကြားသည်။

ထို့နောက် ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ချုပ် ဒေါက်တာသီတာလှက ဆေးရုံနှင့် ကိုဗစ်-၁၉ ကုသရေး ဌာနများအလိုက် လူနာများအား ကုသပေးနေမှုအခြေအနေ များနှင့် ဖြည့်ဆည်းဆောင်ရွက်ထားမှု အခြေအနေများအား တင်ပြသည်။

ဆက်လက်၍ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ဆေးရုံအုပ်ကြီးများ၊ ပါမောက္ခ/ ဌာနမှူးများ၊ အထူးကုဆရာ ဝန်ကြီးများက ကိုဗစ်-၁၉ ကုသရေးလုပ်ငန်းများဆောင် ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲနှင့် စိန်ခေါ်မှုများ၊ ကုသရေးလုပ်ငန်းများအတွက် ထပ်မံလိုအပ်သည်များနှင့် အထွေထွေဆွေးနွေး အကြံပြုချက်များ ပေးအပ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဖြည့်ဆည်းဆောင် ရွက်ရမည်များအား ဖြည့်ဆည်းစီစဉ်ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ် အမှာစကားပြောကြားရာတွင် ဝန်ကြီးဌာန၏ ဆေးရုံများနှင့် ကိုဗစ်-၁၉ ကုသရေးဌာနများတွင် နေ့မအား၊ ညမနား ဆောင်ရွက်နေကြသည့် ဆရာဝန်၊ သူနာပြုနှင့် ကုသမှုအထောက်အကူပြုပညာရှင်များ၊ စေတနာ့ဝန်ထမ်း များနှင့် ပံ့ပိုးဆောင်ရွက်နေသူများအားလုံးကို ပြည်သူများ ကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း၊ လူနာ၏ အန္တရာယ်ရှိနိုင် ခြေ အဆင့်ခွဲခြားခြင်း ပြုလုပ်ထားရှိပြီး ကုသရန်မှာ အရေး ကြီးပါကြောင်း၊ ဤကိစ္စနှင့်ပတ်သက်၍ ပါမောက္ခကြီးများ၊ အထူးကုဆရာဝန်ကြီးများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ သီးခြားဆွေးနွေးမှု ပြုလုပ်ကာ ဆောင်ရွက်မည့် အစီအစဉ် ကို ရေးဆွဲတင်ပြရန် ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ လူနာများ အား ကုသရာတွင် တွေ့ကြုံရသည့် အချက်များ၊ သတိပြုရ မည့်အချက်များအား စုစည်းပြုစု၍ သက်ဆိုင်ရာ ဆရာဝန် များအားလုံးထံသို့ ဖြန့်ဝေပေးစေလိုပါကြောင်း၊ တိုင်းဒေသ ကြီး/ ပြည်နယ်အသီးသီးမှ ဆေးရုံကြီးများတွင် အောက်ဆီ ဂျင် လုံလောက်စွာရရှိရေး ကြိုတင်ပြင်ဆင်မှုများ ဆက်လက်၍ အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရမည်ဖြစ် ပါကြောင်း၊ ကိုဗစ်-၁၉ လူနာများအား ကိုင်တွယ်ကုသမှုပေး နေသည့် ကျန်းမာရေးဝန်ထမ်းများ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ဓာတ်ခွန်အားပိုင်းဆိုင်ရာ အခြေအနေများနှင့် ပတ်သက်သည့် စစ်တမ်းတစ်ခု ကောက်ယူနိုင်ရန်အတွက် ဆေးသုတေသနဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေး တက္ကသိုလ်တို့က တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ရ မည်ဖြစ်ပါကြောင်း၊ ဆေးရုံများနှင့် ကိုဗစ်-၁၉ ကုသရေးဌာန များတွင် ကျန်းမာရေးဝန်ထမ်းများအား တာဝန်ထမ်းဆောင် မှုအခြေအနေများနှင့်ပတ်သက်၍ ဆန်းစစ်သုံးသပ်မှုများ ပြုလုပ်ကာ ပိုမိုကောင်းမွန်အဆင်ပြေစေရေးအတွက် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ရမည်ဖြစ်ပါ ကြောင်း၊ သွေးတွင်းအောက်ဆီဂျင်ပျော်ဝင်မှု တိုင်းတာစက် များသည် လူနာ၏ အခြေအနေကို သုံးသပ်ရာ၌

n စာမျက်နှာ ၂၀ မှ

အလွန်အရေးပါသဖြင့် ပိုမိုလုံလောက်စေရေးအတွက် သက်ဆိုင်ရာဆေးရုံနှင့် ကုသရေးဌာနများသို့ အမြန်ဆုံး ထပ်မံပေးပို့မည် ဖြစ်ပါကြောင်း၊ ပါမောက္ခကြီးများ၊ အထူးကု ဆရာဝန်ကြီးများအနေဖြင့် နိုင်ငံတကာမှ ကုသရေးကုထုံး ဆိုင်ရာ တွေ့ရှိချက်အသစ်များကို အမြဲမပြတ်စောင့်ကြပ် ကြည့်ရှုကာ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ ဆရာဝန် များထံသို့ အချိန်နှင့်တစ်ပြေးညီ ဖြန့်ဝေပေးစေလိုပါကြောင်း ပြောကြားသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၊ အရှေ့တောင်အာရှ ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ WHO ၏ အရှေ့တောင်အာရှဒေသဆိုင်ရာ အဖွဲ့ဝင်နိုင်ငံများမှ ကျန်းမာရေးဝန်ကြီးများနှင့် ကိုယ်စားလှယ်ကြီးများ၊ UNAIDS၊ Global Fund နှင့် နိုင်ငံတကာ ခုခံကျ/ကာလသား ရောဂါတိုက်ဖျက်ရေးဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်ကြီးများ ပါဝင်တက်ရောက်ခဲ့သည့် အရှေ့ တောင်အာရှဒေသတွင်း ခုခံကျ/ ကာလသားရောဂါဆိုင်ရာ ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တုံ့ပြန် ဆောင်ရွက်ခြင်း အဆင့်မြင့်ခေါင်းဆောင်မှု အစည်းအဝေး သို့ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများအပါအဝင် မရှိမဖြစ်အရေး ကြီးသော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကိုလည်း ပြတ်တောက်ခြင်းမရှိစေဘဲ ဆက်လက်ဆောင်ရွက် ရန် အလေးထား ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်း သိရ သည်။ သတင်းစဉ်