မိုင်းယောင်းမြို့နယ် ဝမ်တပ်ကျေးရွာ၌ ကျောင်းဆောင်သစ်ဖွင့်

 

မိုင်းယောင်း   ဩဂုတ်  ၅


ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ် ဝမ်တပ်ကျေးရွာအုပ်စု ဝမ်တပ်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း  ကျောင်းဆောင်သစ် ဖွင့်ပွဲ အခမ်းအနားကို ဩဂုတ် ၃ ရက်က အဆိုပါကျောင်းဆောင်ရှေ့၌ ကျင်းပသည်။

 


ကျောင်းဆောင်သစ်ဖွင့်ပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်နှင့် မြို့နယ်ပညာရေးမှူး ဒေါ်နန်း မြင့်သိန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကျောင်းဆောင်သစ်ဆိုင်းဘုတ် အား ပရိတ်နံ့သာရည်များဖြင့် ပက်ဖျန်းပေးသည်။

 


အဆိုပါ ကျောင်းဆောင်သစ်သည် RCC တစ်ထပ်၊ အလျားပေ ၆၀၊ အနံပေ ၃၀ အကျယ်ရှိပြီး  ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊   ခရိုင်အုပ်ချုပ်ရေးမှူး၊    မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးသက်ဆွေနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာ ရေးမှူးနှင့်  တာဝန်ရှိသူများ၊    ရပ်မိရပ်ဖများ   တက်ရောက်ခဲ့ကြောင်း   သိရသည်။


စိုင်းအောင်ဇော်လင်း