
မကွေး သြဂုတ် ၅
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ တာဝန်ရှိသူများ နှင့်အတူ သြဂုတ် ၃ ရက်က မကွေးမြို့ မြို့အဝင်မုခ်ဦးတည်ဆောက်ခြင်းနှင့် မုခ်ဦး တည်ဆောက်သည့်နေရာတွင် ကတ္တရာကွန်ကရစ်လမ်းနှင့် ရိုးရိုးကတ္တရာလမ်းခင်းခြင်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မုခ်ဦးတည်ဆောက်ခြင်းလုပ်ငန်းသို့ ရောက်ရှိ ရာ မုခ်ဦးတည်ဆောက်ပြီးစီးမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်ရန်ကျန်ရှိသည့်လုပ်ငန်းများနှင့် ပတ်သက်၍ တိုင်းဒေသကြီးစည်ပင်သာယာရေး အဖွဲ့ ညွှန်ကြားရေးမှူး ဦးထင်အောင်၊ တာဝန်ခံ အင်ဂျင်နီယာမှူးနှင့် ကုမ္ပဏီတာဝန်ရှိသူတို့က ရှင်းလင်းတင်ပြခဲ့ပြီး လုပ်ငန်းများလုပ်ဆောင် နေမှုနှင့် တင်ပြခဲ့မှုများအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ သတ်မှတ်စံနှုန်းများနှင့်အညီ အချိန်မီပြီးစီးရေးနှင့် အခြားလိုအပ်ချက်များကို မှာကြားဆောင်ရွက်သည်။
အဆိုပါ မကွေးမြို့အဝင် မုခ်ဦးအား တိုင်းဒေသ ကြီး၏ ထူးခြားသည့်သင်္ကေတ၊ ဝိသေသများ၊ မြန်မာ့ လက်မှုအနုပညာများ ဦးစားပေးကာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှ စတင်တည်ဆောက်လုပ်ခဲ့ပြီး မုခ်ဦး အမြင့် ၄၉ ပေ၊ ယာဉ်သွားလမ်းအကျယ် ၄၈ ပေ၊ မုခ်ဦးရင်ပြင်အလျား ၁၆၅ ပေနှင့် ယာဉ်ဖြတ်သန်း သွားလာကင်းလွတ်ခွင့်အမြင့် ၂၈ ပေဖြစ်ပြီး တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ ငွေကျပ်သိန်းပေါင်း ၄၀၀၀ ကျော် အကုန်အကျခံ တည်ဆောက်ခဲ့ခြင်းဖြစ် ကြောင်း၊ လက်ရှိမှာ ၈၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ် ကြောင်းနှင့် မုခ်ဦးတည်ဆောက်သည့်နေရာတွင် အကျယ် ၄၈ ပေ၊ အရှည်ပေ ၁၀၀၀ ကတ္တရာကွန်ကရစ် လမ်းခင်းခြင်းနှင့်အကျယ် ၄၈ ပေ၊ အရှည်ပေ ၁၀၀၀ ရိုးရိုးကတ္တရာလမ်းခင်းခြင်းလုပ်ငန်းကို ဆောင်ရွက် လျက်ရှိပြီး အဆိုပါလုပ်ငန်းအားလုံးကို ယခု သြဂုတ်လအတွင်း ပြီးစီးအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တာဝန်ခံအင်ဂျင်နီယာမှူးထံမှ သိရ သည်။
မောင်ညီညာ