
နေပြည်တော် ဩဂုတ် ၂
အရှေ့တောင်တိုင်း စစ်ဌာနချုပ် နယ်မြေအတွင်း လုံခြုံရေးတာဝန် များ ထမ်းဆောင်လျက်ရှိသည့် အရာရှိ၊ စစ်သည်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ရောင်နီ ဦးနှင့် မိတ်ဆွေများပရဟိတအဖွဲ့ က ယနေ့မွန်းလွဲပိုင်းတွင် တိုင်းစစ် ဌာနချုပ်သို့ လာရောက်လှူဒါန်း ကြသည်။
ထိုသို့ လှူဒါန်းရာတွင် ရောင်နီ ဦးနှင့် မိတ်ဆွေများ ပရဟိတ အဖွဲ့က ဂုဏ်ပြုချီးမြှင့်ငွေ ၁၆၁ သိန်းကို ချီးမြှင့်ပေးအပ်ကြရာ တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်း လွှာပေးအပ်ကာ ကျေးဇူးတင် စကား ပြန်လည်ပြောကြားသည်။
အလားတူ မန္တလေးတိုင်း ဒေသကြီးအတွင်း တာဝန်ကျေပွန် စွာ ထမ်းဆောင်ခဲ့သည့် လုံခြုံရေး တပ်ဖွဲ့ဝင်များ ဂုဏ်ပြုချီးမြှင့်ခြင်း ကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ် ဌာနချုပ် အားကစားခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးမောင်ကို၊ တိုင်းမှူးဗိုလ်ချုပ် ကိုကိုဦးနှင့် အဖွဲ့ဝင်များ၊ တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ တက် ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီး ချုပ်က အမှာစကားပြောကြား သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က မန္တလေးတိုင်းဒေသကြီးအတွင်း တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ချီးမြှင့် ငွေများ ပေးအပ်သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အဖွဲ့ဝင် များသည် မန္တလေးတိုင်းဒေသကြီး အတွင်း လက်နက်/ခဲယမ်း သိမ်းဆည်းရမိ အခြေအနေများ အား ခင်းကျင်းပြသထားသည် များကို လိုက်လံကြည့်ရှုခဲ့ကြ ကြောင်း သိရသည်။
သတင်းစဉ်