တပ်မတော် တပ်ရင်း/တပ်ဖွဲ့အသီးသီးမှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံ၊ ဂုဏ်ပြုစားပွဲ အတူတကွသုံးဆောင်

 

နေပြည်တော်   ဩဂုတ်   ၂


ရဲဘော်စိတ်ဟူသည်   ရဲဘော် အချင်းချင်းအပေါ်   ထားရှိသော မေတ္တာတရား၊ သံယောဇဉ်တရား၊ သစ္စာစောင့်သိမှု   တရားပင်ဖြစ် သည်နှင့်အညီ   တပ်မတော်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာရှိ၊ စစ်သည် အဆင့်အတန်း အားလုံး ရဲဘော်စိတ် အပြည့်ထား ရှိပြီး အထက်အောက်ညီညွတ်မျှတ သည့် အုပ်ချုပ်မှုစနစ်ရှိရန် လိုအပ် ကြောင်း တပ်မတော်အကြီးအကဲက  လမ်းညွှန်မှာကြားထားသည်ဖြစ် ရာ  အုပ်ချုပ်မှု  ညီညွတ်မျှတစေ ရန်အတွက်     ကွပ်ကဲအုပ်ချုပ်ရာ ၌   တပ်မှူးကောင်းစိတ်ဓာတ် (Commander   Spirit)၊   ဖခင် သဖွယ်စိတ်ဓာတ်           (Fatherly Spirit)  တို့ဖြင့်  ကွပ်ကဲအုပ်ချုပ် ဆောင်ရွက်လျက်ရှိသည်။ 

 


ထိုသို့ ဆောင်ရွက်လျက်ရှိရာ အနောက်ပိုင်းတိုင်း  စစ်ဌာနချုပ် နှင့်       အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ           တိုင်းမှူးများနှင့် တာဝန်ရှိသူများက  သက်ဆိုင်ရာ ကွပ်ကဲမှုအောက်ရှိ        တပ်ရင်း/တပ်ဖွဲ့များနှင့် နယ်မြေခံသင်တန်း ကျောင်းများသို့   သွားရောက်၍ အရာရှိ၊ စစ်သည်၊  မိသားစုများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ပြီး ဂုဏ်ပြုစားပွဲများ     အသီးသီး ပြုလုပ်ပေးကာ  အရာရှိ၊  စစ်သည်၊ မိသားစုများနှင့်  အတူတကွ လက်ရည်တစ်ပြင်တည်း  သုံးဆောင်ကြသည်။

 


အလားတူ  တိုင်းစစ်ဌာနချုပ် များအလိုက် တပ်နယ်အသီးသီးမှ တပ်မတော်   အရာရှိကြီးများက လည်း  ၎င်းတို့၏  ကွပ်ကဲမှုများ အလိုက်  တပ်ရင်း/တပ်ဖွဲ့များနှင့် နယ်မြေခံသင်တန်းကျောင်းများမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး ဂုဏ်ပြုစားပွဲများ   အသီးသီးပြု လုပ်၍ တက်ရောက်အားပေးကာ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် အတူတကွ သုံးဆောင်ခဲ့ကြောင်း သတင်းရရှိသည်။        

သတင်းစဉ်