တရားမမှုများတွင် တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ် သြဂုတ် ၁ ရက်မှစတင်၍ အကောင်အထည်ဖော်ဆောင်ရွက်မည်

 

ဟားခါး    ဇူလိုင်    ၃၀


တရားမမှုများတွင်  တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်နှင့်စပ်လျဉ်း၍    မိတ်ဆက် ရှင်းလင်းခြင်း အခမ်းအနားကို ယမန်နေ့က ဟားခါးမြို့    ချင်း ပြည်နယ်     တရားလွှတ်တော်ရုံး တောင်ဇလပ်ခန်းမ၌ ကျင်းပသည်။

 


ရှင်းလင်းပွဲတွင်   ပြည်နယ် တရားလွှတ်တော်   တရားသူကြီး ချုပ် ဦးနေစိုးက   တရားစီရင်ရေး ဆိုင်ရာ   မဟာဗျူဟာစီမံကိန်း (၂၀၁၈−၂၀၂၂)၏    ရည်မှန်းချက် တစ်ခုဖြစ်သော တရားမမှုများတွင် တရားရုံးကဦးဆောင်သည့် စေ့စပ် ဖြေရှင်းရေးစနစ်ကို ၂၀၂၂ သြဂုတ်  ၁ ရက်မှစတင်၍ အကောင်အထည် ဖော်    ဆောင်ရွက်မည်ဖြစ်ပြီး  စေ့စပ်ဖြေရှင်းရေး  ဆောင်ရွက် ခြင်းဖြင့် အမှုသည်များအနေဖြင့် မိမိတို့ အမှန်တကယ် ရယူလိုသည့် အခွင့်အရေးကို ကိုယ်တိုင်ညှိနှိုင်း    ရယူနိုင်သည့်အတွက်     စိတ် ကျေနပ်မှု     မြင့်မားစေနိုင်ခြင်း၊    အချိန်တိုအတွင်း   လွယ်ကူစွာ ဆောင်ရွက်နိုင်ခြင်း၊      အများ ပြည်သူ        ရှေ့မှောက်တွင် ဆောင်ရွက်ရန်       မလိုအပ်သည့် အတွက် မိမိထိန်းသိမ်းလိုသည့် သတင်းအချက်အလက်များကို လုံခြုံစွာ လျှို့ဝှက်ထားနိုင်ခြင်း၊ ကုန်ကျစရိတ် သက်သာစွာဖြင့် လွယ်ကူစွာ ဆောင်ရွက်နိုင်ခြင်း ဆိုသည့်  အကျိုးကျေးဇူးများ ရရှိကြမည်ဖြစ်ကြောင်း ပြောကြား သည်။

 


ထို့နောက် ပြည်နယ်တရား ရေးဦးစီးမှူး  ဦးအောင်မြင့်နှင့် ပြည်နယ်တရား    လွှတ်တော် စေ့စပ်ဖြေရှင်းရေး       အရာရှိ  လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းဝင်းတို့က  တရားရုံးက  ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေး စနစ်နှင့်   စေ့စပ်ဖြေရှင်း  ဆောင် ရွက်ချက်လုပ်ငန်းများနှင့် စပ်လျဉ်း ၍ အသေးစိတ် ရှင်းလင်းဆွေးနွေး ပြီး တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းကာ စေ့စပ်ဖြေရှင်းရေးအရာရှိ ဦးသိန်း ဝင်းက ပြန်လည်ဖြေကြားသည်။

 


ရှင်းလင်းပွဲသို့ ချင်းပြည်နယ်တရား လွှတ်တော်    တရားသူကြီးချုပ်နှင့် တရားလွှတ်တော်  တရားသူကြီး များ၊ ပြည်နယ်တရားရေးဦးစီးမှူး၊ ပြည်နယ်ဥပဒေအရာရှိ၊ တရားရေး အရာရှိများနှင့်   ခရိုင်၊   မြို့နယ် တရားသူကြီးများ၊ ခရိုင် ၊ မြို့နယ် ဥပဒေအရာရှိများ၊  ဟားခါးမြို့နယ် ရဲတပ်ဖွဲ့မှူး၊  ဟားခါးတက္ကသိုလ် ဥပဒေပညာဌာနမှ   ပါမောက္ခနှင့် ကထိက၊ လက်ထောက်ကထိက များ၊တရားလွှတ်တော်ရှေ့နေများ တက်ရောက်ကာ ရှင်းလင်းပွဲတွင် ပြည်ထောင်စု  တရားလွှတ်တော် ချုပ်ရုံးက ထုတ်ဝေသည့် လက်ကမ်း စာစောင်များလည်း    ဖြန့်ဝေခဲ့ သည်။          
 

ခရိုင်(ပြန်/ဆက်)