
ဘားအံ ဇူလိုင် ၃၀
ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၅/၂၀၂၂)ကြိမ် မြောက် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ဇူလိုင် ၂၉ ရက် မွန်းလွဲ ပိုင်းက ကရင်ပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ကရင် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ဒေသတွင်း ဓာတ်မြေဩဇာ သုံးစွဲခြင်းကို လျှော့ချ၍ သဘာဝမြေဩဇာများ ကို အစားထိုးသုံးစွဲလာစေရေး အတွက် လုပ်ငန်းရှင်များအား ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ရန်လို ကြောင်း၊ ဘားအံမွေးမြူရေးဇုန် သစ်ကို ဖော်ထုတ်ပေးခဲ့သည့် အတွက် ငွေကျပ် ရှစ်ဘီလီယံ ကျော်ခန့်ကို ဒေသခံမွေးမြူရေးလုပ်ငန်းရှင်များက ရင်းနှီးမြှုပ်နှံ ခဲ့ကြပြီး ထပ်မံရင်းနှီးမြှုပ်နှံ မည့်သူများလည်း ရှိကြောင်း၊ စိုက်ပျိုးမွေးမြူရေးနှင့် ပတ်သက် ၍ ပိုမိုရင်းနှီးမြှုပ်နှံလာစေရန် ဖိတ်ခေါ်ရန်လိုပြီး ထိုသူများ သက်သာခွင့်ရရှိရန် ဆွေးနွေးပေး ကြစေလိုကြောင်း ပြောကြား သည်။
ထို့နောက် ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီအတွင်းရေးမှူး ပြည်နယ်ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းတိုးက ပြည်သူဓန ကုမ္ပဏီလီမိတက်၏ စီးပွားဖြစ် စတင်ရန် တင်ပြထားခြင်းအပေါ် ကွင်းဆင်းစစ်ဆေးခဲ့မှု အခြေ အနေ၊ ကရင်ပြည်နယ် ရင်းနှီး မြှုပ်နှံမှုကော်မတီ အဖွဲ့ဝင် ပြောင်းလဲခြင်း၊ Top Form Myanmar Co.,Ltd ၏ လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး အစည်းအဝေး သို့ တက်ရောက်လာသော ကော်မတီအဖွဲ့ဝင်များက ဝိုင်းဝန်း အကြံပြု ဆွေးနွေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကား ပြောကြားကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)