
စစ်တွေ ဇူလိုင် ၂၉
စစ်တွေမြို့သာသနာ့ဗိမာန်တော်၌ စစ်တွေမြို့ပေါ်ရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ ရဟန်း၊ သံဃာ၊ သာမဏေများနှင့် သီလရှင်များအား ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးနေမှုကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ဇူလိုင် ၂၈ ရက်တွင် လှည့်လည် ကြည့်ရှုအားပေးသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာသနာ့ ဗိမာန်တော်သို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံရန် ကြွရောက်တော်မူကြသော စစ်တွေမြို့ပေါ်မှ ထေရ်ကြီး၊ ဝါကြီးဆရာတော်ကြီး များအား ဖူးမြော်ပြီး အဖျော်ရည်များနှင့် လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် ဆရာတော်ကြီးများ၊ ရဟန်း၊ သံဃာ၊ သာမဏေများ နှင့် သီလရှင်များအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံနေမှုကို ပြည်နယ်ဝန်ကြီးချုပ်က လှည့်လည် ကြည့်ရှုအားပေးသည်။
ကိုဗစ်-၁၉ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံ ပေးရာတွင် ဆေးထိုးနှံခြင်းမပြုမီ စစ်တွေတပ်နယ်မှ ဆေးဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက စာရင်းကောက်ယူခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေး ခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှုပမာဏ တိုင်းတာပေးခြင်း တို့ကို ဆောင်ရွက်ပေးကြပြီး ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ကာ ဆေးထိုးနှံပြီး နောက်တွင်လည်း မိနစ် ၃၀ အကြာစောင့်ကြည့်ပြီးမှ ပြန်ခွင့်ပြုကြောင်း၊ ကာကွယ်ဆေးထိုးနှံရာတွင် ထပ်ဆောင်းထိုးနှံပေးခြင်းအပြင် အကြောင်းအမျိုး မျိုးကြောင့် ယခင်က ကာကွယ်ဆေးမထိုးနှံရသေး သည့် ရဟန်း၊ သာမဏေနှင့် သီလရှင်များကိုလည်း ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)