နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက် ရွှေကြာပင်အားကစားကွင်း ရတနာပန္နက်တော်တင် မင်္ဂလာအခမ်းအနားကျင်းပ

 

နေပြည်တော်   ဇူလိုင်   ၂၉


နေပြည်တော်    ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက်   ရွှေကြာပင် အားကစားကွင်း၌    RC နှစ်ထပ် အထူးတန်းပွဲကြည့်စင်နှင့်   မိုးလုံ လေလုံအားကစားရုံ ရတနာပန္နက် တော်တင်  မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင်  ရွှေကြာ ပင်    အားကစားကွင်း၌    ကျင်းပသည်။

 


ဦးစွာ  အားကစားနှင့်  လူငယ် ရေးရာဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီး         ဦးမင်းသိန်းဇံ၊ နေပြည်တော်ကောင်စီ       ဥက္ကဋ္ဌ ဒေါက်တာ       မောင်မောင်နိုင်၊ အားကစားနှင့်     လူငယ်ရေးရာ ဝန်ကြီးဌာန       ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့်     တာဝန်ရှိသူများ၊ နေပြည်တော်    ကောင်စီအဖွဲ့ဝင် များ၊  ဆောက်လုပ်ရေးကုမ္ပဏီတို့မှ တာဝန်ရှိသူများက  ရတနာပန္နက် တော်တင်မည့်   ပန္နက်တိုင် ကိုးနေရာတို့တွင်     နေရာယူကြပြီး ပန္နက်တော်ဌာနတွင် ရတနာပန္နက် တော် ကိုးချက်တင်၍ အမွှေးနံ့သာ ရည်များ    ပက်ဖျန်းပြီး    ရတနာ ရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးသည်။

 


ဆက်လက်ပြီး        Greeco ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန် ယူဆောင်ရွက်မည့်   ပေ(၁၈၀ x ၁၅၀ )   မိုးလုံလေလုံအားကစားရုံ တည်ဆောက်ခြင်း       စီမံကိန်း “ပန္နက်တော်တင်နှင့်      တွင်းတော် ဝန်း မင်္ဂလာအခမ်းအနား”     ကို ဆက်လက်ကျင်းပရာ အကြီးအကဲ များက ရတနာပန္နက်တော်တင်မည့် တိုင် ကိုးနေရာတွင်      နေရာယူပြီး ပန္နက်တော်ဌာနများတွင်  ရတနာ ပန္နက်တော်များကို    တွင်းတော် တူး၍       အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။ 

 


ထို့နောက်       ဝန်ကြီးဌာန ပေါင်းစုံပိုက်ကျော်ခြင်း  (အမျိုးသား)ပြိုင်ပွဲ  တတိယလုပွဲ၊ ဗိုလ်လုပွဲ နှင့် ဆုချီးမြှင့်ခြင်း       အခမ်းအနားကို နံနက် ၉ နာရီတွင်      ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)၌    ဆက်လက် ကျင်းပရာ    ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊   စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဒေါက်တာ ချာလီသန်း၊   ပြည်ထဲရေးဝန်ကြီး ဌာန     ဒုတိယဝန်ကြီး    ဗိုလ်ချုပ် ဇင်မင်းထက်၊       ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး     ဦးအောင်ကျော်ထွန်း၊ အားကစားနှင့်      လူငယ်ရေးရာ ဝန်ကြီးဌာန      ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့်    တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ    တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊      ပိုက်ကျော်ခြင်း အားကစားဝါသနာရှင်များ    တက် ရောက်ကြည့်ရှု အားပေးခဲ့ကြသည်။

 


ယနေ့ပြိုင်ပွဲ     ပွဲစဉ်များအဖြစ် (တတိယလုပွဲ)        ပွဲစဉ်တွင် ကာကွယ်ရေးဝန်ကြီးဌာန  အသင်း က    စက်မှုဝန်ကြီးဌာနအသင်းကို နှစ်ပွဲပြတ်ဖြင့်     လည်းကောင်း၊ (ဗိုလ်လုပွဲ)ပွဲစဉ်တွင်   ပြည်ထဲရေး ဝန်ကြီးဌာနအသင်းက ပို့ဆောင်ရေး နှင့်      ဆက်သွယ်ရေးဝန်ကြီးဌာန အသင်းကို နှစ်ပွဲတစ်ပွဲဖြင့်  လည်း ကောင်း    ယှဉ်ပြိုင်အနိုင်ရရှိခဲ့ကြ သည်။ 

 


ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့် ခြင်းအခမ်းအနားကို     ဆက်လက် ကျင်းပရာ     စတုတ္ထဆုရရှိသည့် စက်မှုဝန်ကြီးဌာန    အသင်းအား ငွေသားဆုငွေကျပ်   ၁၀  သိန်းကို အားကစားနှင့်    လူငယ်ရေးရာ ဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဦးမျိုး လှိုင်က လည်းကောင်း၊ တတိယ ဆုရရှိသည့်  ကာကွယ်ရေးဝန်ကြီး ဌာနအသင်းအား    တစ်ဦးချင်း ဆုတံဆိပ်နှင့်   ငွေသားဆု ငွေကျပ် ၁၅   သိန်းကို   ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး   ဦးအောင်ကျော်ထွန်းက လည်းကောင်း၊   ဒုတိယဆုရရှိသည့် ပို့ဆောင်ရေးနှင့်   ဆက်သွယ်ရေး ဝန်ကြီးဌာနအသင်းအား   တစ်ဦး ချင်း   ဆုတံဆိပ်နှင့်   ငွေသားဆု ငွေကျပ်သိန်း ၂၀ ကို     ပြည်ထဲရေး ဝန်ကြီးဌာန         ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇင်မင်းထက်က    လည်း ကောင်း၊ ပထဆုရရှိသည့် ပြည်ထဲ ရေးဝန်ကြီးဌာန      အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသား ဆု  ငွေကျပ်သိန်း ၃၀ ကို  စက်မှု ဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက    လည်း ကောင်း၊     ပထဆုရရှိသည့် ပြည်ထဲရေးဝန်ကြီးဌာန   အသင်း အား   တံခွန်စိုက်ဒိုင်းဆုကို အားကစားနှင့်     လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက  လည်းကောင်း ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။                

သတင်းစဉ်