
နေပြည်တော် ဇူလိုင် ၂၈
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန် ပြည်နယ် ယဉ်ကျေးမှုနှင့် ခရီးသွားလာ ရေးဝန်ကြီးဌာန လေကြောင်းဦးစီးဌာန နှင့် ယူနန်ပြည်နယ် ပြည်သူ့အစိုးရတို့က ကြီးမှူး၍ (၂၃)ကြိမ်မြောက် China International Travel Mart (CITM) ကို ယခုလအတွင်းကျင်းပခဲ့ပြီး ပြပွဲအတွင်း ခရီးသွားလုပ်ငန်းမြှင့်တင်မှု ပိုမိုပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ကို ဇူလိုင် ၂၃ ရက် တွင် ကျင်းပရာ မြန်မာကောင်စစ်ဝန်ချုပ် ရုံး(ကူမင်း) စီးပွားရေးသံမှူး ဒေါက်တာ ဝေရီလင်းက မြန်မာ့ခရီးသွားမြှင့်တင် ရေး ဆောင်ရွက်နေမှုများ ခေါင်းစဉ်ဖြင့် ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။
CITM ကို ဇူလိုင် ၂၂ ရက်မှ ၂၄ ရက် အထိ ကူမင်းမြို့၌ ကျင်းပခဲ့ရာ တရုတ် နိုင်ငံ၏ ပြည်နယ်အသီးသီးမှ ပြခန်းများ၊ မြူနီစပယ်မြို့များ၊ ကူမင်းအခြေစိုက် ကောင်စစ်ဝန်ချုပ်ရုံးများ၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းအဖွဲ့အစည်းများ၊ ခရီး သွားလုပ်ငန်းကုမ္ပဏီများ အပါအဝင် သက်ဆိုင်ရာဌာနနှင့် လုပ်ငန်းကုမ္ပဏီ များ ပါဝင်ပြသခဲ့ကြပြီး ဖွင့်ပွဲသို့ ယူနန် ပြည်နယ် ကွန်မြူနစ်ပါတီအတွင်းရေးမှူး H.E. Mr. Wang Ning၊ ယူနန်ပြည်နယ် ပြည်သူ့အစိုးရအုပ်ချုပ်ရေးမှူး H.E. Mr. Wang Yubo၊ တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး H.E. Mr. Zhang Xu နှင့် ဌာန ဆိုင်ရာများ၊ နိုင်ငံခြားသံရုံးမှ သံအမတ် ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ ကူမင်းမြို့အခြေစိုက် ကောင်စစ်ဝန်ချုပ် များ၊ ကိုယ်စားလှယ်များ တက်ရောက် ခဲ့သည်။
မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးအတွက် မြန်မာကောင်စစ် ဝန်ချုပ်ရုံး(ကူမင်း) ၏ ဦးဆောင်မှုဖြင့် မြန်မာပြခန်းကို ပြသခဲ့ရာ ခရီးသွား မြှင့်တင် လက်ကမ်းစာစောင်များ ဖြန့်ဝေ ခြင်း၊ မြန်မာ့ခရီးသွားလုပ်ငန်းမြှင့်တင် ရေးအတွက် ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းဝန်ကြီးဌာနက အင်္ဂလိပ်ဘာသာ နှင့် တရုတ်ဘာသာတို့ဖြင့် ရိုက်ကူးထား သော Myanmar-Be enchanted ဗီဒီယို ကို တီဗွီဖြင့် စဉ်ဆက်မပြတ် ပြသကြော်ငြာ ခြင်း၊ မြန်မာ့လက်မှုပညာများ ပြသခြင်း တို့အပြင် မြန်မာနိုင်ငံ၏ ထွက်ကုန်ပစ္စည်း များဖြစ်သော ကျောက်စိမ်း၊ လက်ဝတ် ရတနာများ၊ ယွန်းထည်ပစ္စည်းများ၊ ကျောက်စီပန်းချီကားချပ်များ၊ အေး သာယာဝိုင်၊ လက်ဖက်ခြောက်၊ မြန်မာ စတိုင်လက်ဖက်ရည်ချို Royal Myanmar Tea Mix များကိုလည်း ခင်းကျင်းပြသခဲ့ရာ လာရောက်ကြည့်ရှုသူများ၏ စိတ်ဝင်စား မှုများ ရရှိခဲ့သည်။
အဆိုပါ ခရီးသွားလုပ်ငန်းပြပွဲသို့ နိုင်ငံပေါင်း ၇၀ ကျော်မှ ပါဝင်ပြသခဲ့ ကြောင်း ကူမင်းမြို့ မြန်မာကောင်စစ် ဝန်ချုပ်ရုံးမှ သိရသည်။
သီရိ