
ရန်ကုန် ဇူလိုင် ၂၈
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်အရှေ့ပိုင်းခရိုင် ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းရှိ လူထုအခြေပြုဗဟိုဌာန(Community Center)သို့ ရောက်ရှိပြီး ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
ရှေးဦးစွာ ဗဟန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန အတွင်းရှိ ကလေးစာဖတ်ခန်း၊ အားကစား ခန်းမ၊ စာကြည့်တိုက်၊ ကွန်ပျူတာ သင်တန်းခန်းမ၊ ပြတိုက်ငယ်နှင့် ဘက်စုံသုံးခန်းမတို့ကို ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ တိုင်း ဒေသကြီး ဦးစီးမှူး၊ ခရိုင်၊ မြို့နယ် ဦးစီးအရာရှိများနှင့် ဝန်ထမ်း များကို တွေ့ဆုံ၍ ဒုတိယဝန်ကြီး က မိမိတို့၏ ရည်မှန်းချက်တာဝန် ဖြစ်သည့် ပြန်ကြားပေးရန်နှင့် အသိပညာပေးရန် လုပ်ငန်းများကို ထိရောက် အောင်မြင်အောင် ဆောင်ရွက်ကြရန်၊ လုပ်ငန်း တာဝန်များကို ကွပ်ကဲကြပ်မတ်မှု အနည်းဆုံးဖြင့် တာဝန်သိသိ သစ္စာရှိရှိဖြင့် ကျေပွန်စွာ ထမ်းဆောင်ကြရန်၊ ခေါင်းဆောင် မှု ကောင်းမွန်စွာဖြင့် မိမိတို့၏ ရုံး၊ ဌာန လုပ်ငန်းများကို အောင်မြင်အောင်ကြိုးစား ဆောင်ရွက်ကြရန် နှင့် လူငယ်များအား အသိပညာ ဗဟုသုတကြွယ်ဝပြီး ဗလငါးတန် နှင့် ပြည့်စုံစေရေး သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်းဆောင်ရွက် ကြရန်တို့ကို မှာကြားခဲ့သည်။
သတင်းစဉ်