၂၀၁၉-၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် တပ်မတော်(ရေ)မှ စစ်သည်များနှင့် အရာရှိ၊ စစ်သည် မိသားစုဝင်သားသမီးများအား ဂုဏ်ပြုဆုချီးမြှင့်

 

နေပြည်တော်   ဇူလိုင်   ၂၈ 


၂၀၁၉-၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် တပ်မတော်(ရေ)မှ စစ်သည် များနှင့် အရာရှိ၊ စစ်သည် မိသားစုဝင်သားသမီးများ ဂုဏ်ပြုဆုချီးမြှင့်သည့်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဧရာဝတီရေတပ်စခန်းဌာနချုပ်ရှိ သီဟသူရထွန်းတင်ခန်းမ၌ ပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ဇနီး၊ တပ်မတော်(ရေ)မှ အရာရှိကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဆုရရှိသူ ကျောင်းသား  ကျောင်းသူများနှင့်  ၎င်းတို့၏  မိဘများ၊  ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 


ဦးစွာ  ကာကွယ်ရေးဦးစီးချုပ် (ရေ)က     ဂုဏ်ပြုအမှာစကား ပြောကြားသည်။    ထို့နောက် ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့် အဖွဲ့ဝင်များက    ၂၀၁၉-၂၀၂၀ ပညာသင်နှစ်    တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာအောင်မြင် ခဲ့ကြသော       ခြောက်ဘာသာ ဂုဏ်ထူးရှင်  တစ်ဦး၊  ငါးဘာသာ ဂုဏ်ထူးရှင် တစ်ဦး၊ လေးဘာသာ ဂုဏ်ထူးရှင် တစ်ဦး၊  သုံးဘာသာ ဂုဏ်ထူးရှင် ၁၀ ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင် ရှစ်ဦး၊ တစ်ဘာသာ ဂုဏ်ထူးရှင် ၃၃ ဦး၊ ဂုဏ်ထူးဖြင့် အောင်မြင်သူ စစ်သည်တစ်ဦးနှင့် ရိုးရိုးအောင်မြင်သူ စစ်သည်တစ်ဦး တို့ကိုလည်းကောင်း၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်    တက္ကသိုလ်ဝင် စာမေးပွဲတွင်         ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ငါးဘာသာ ဂုဏ်ထူးရှင် သုံးဦး၊ လေးဘာသာ ဂုဏ်ထူးရှင် ငါးဦး၊ သုံးဘာသာ ဂုဏ်ထူးရှင် ခြောက်ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင် ၁၈ ဦး၊ တစ်ဘာသာ ဂုဏ်ထူးရှင် ၇၂ ဦး၊ ဂုဏ်ထူးဖြင့် အောင်မြင်သူ   စစ်သည်သုံးဦးနှင့် ရိုးရိုးအောင်မြင်သူ စစ်သည် လေးဦးတို့ကို    လည်းကောင်း ဂုဏ်ပြုဆုနှင့်   ဂုဏ်ပြုမှတ်တမ်း လွှာများ      ပေးအပ်ချီးမြှင့်သည်။       ဆုများပေးအပ်အပြီးတွင် ဂုဏ်ထူး ရကျောင်းသား  ကျောင်းသူများ နှင့်        စစ်သည်များကိုယ်စား ငါးဘာသာဂုဏ်ထူးရှင် ကျောင်းသူ တစ်ဦးက    ကျေးဇူးတင်စကား     ပြန်လည်ပြောကြားသည်။

 


ထို့နောက် ကာကွယ်ရေးဦးစီး ချုပ်(ရေ)နှင့်   အဖွဲ့ဝင်များသည် ဂုဏ်ထူးရ ကျောင်းသား ကျောင်း သူများ၊      စစ်သည်များနှင့်အတူ အမှတ်တရ  စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။


သတင်းစဉ်