
သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရေး
ဦးတည်ချက်ထားရှိပြီး စည်းလုံးညီညွတ်စွာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ကြရမည်
နေပြည်တော် ဇူလိုင် ၂၈
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအစည်းအဝေး (၁/၂၀၂၂) ကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ကျင်းပရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် များနှင့် တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် သဘာဝဘေးကြိုတင်ပြင်ဆင်ရေး၊ ကြိုတင်ကာကွယ်ရေး လုပ်ငန်းဆောင်ရွက်မှုများ နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းများကို ဆွေးနွေးကြရန်နှင့် ပြန်လည်ပြင်ဆင်ရေးဆွဲပြီးဖြစ် သည့် ၂၀၀၉ ခုနှစ် သဘာဝဘေးစီမံခန့်ခွဲမှု တည်မြဲ အမိန့်ကို ဆွေးနွေးအတည်ပြုနိုင်ရန်ဖြစ်ကြောင်း။
အချိန်တိုင်းအဆင်သင့်ဖြစ်နေရန်လို
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုကော်မတီအနေဖြင့် စတင်တာဝန်ယူချိန်မှ ယနေ့အထိဖြစ်ပေါ်ခဲ့သော သဘာဝဘေးအန္တရာယ် များကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရအဖွဲ့များက ကဏ္ဍအလိုက် နိုင်နင်းစွာ တာဝန်ယူဖြေရှင်းဆောင်ရွက်နိုင်ခဲ့ကြ ကြောင်း၊ သဘာဝဘေးအန္တရာယ်များသည် အချိန် မရွေး၊ နေရာမရွေး၊ လူမျိုးမရွေးဘဲ ရင်ဆိုင်ကြုံတွေ့ ရနိုင်သည်ဖြစ်၍ ကြိုတင်တွက်ဆပြီး အချိန်တိုင်း အဆင်သင့်ဖြစ်နေရန် လိုအပ်ကြောင်း။
ကမ္ဘာတွင် ပြောင်းလဲဖြစ်ပေါ်လာနေသည့် သဘာဝဘေးအန္တရာယ်များ၏ သဘောသဘာဝများ ကို မျက်ခြည်မပြတ် လေ့လာနေရန် လိုအပ်သကဲ့သို့ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နိုင်သည့် ဘေးအန္တရာယ် များကို ရာသီကာလအလိုက်၊ ဒေသအလိုက်ခန့်မှန်းပြီး မိမိတို့တွင်ရှိပြီးဖြစ်သော ရရှိနိုင်သောစွမ်းအား အရင်းအမြစ်များဖြင့် ရင်ဆိုင်တုံ့ပြန်နိုင်မည့် အကောင်းဆုံးသော အစီအမံများကို အမြဲတစေ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန် လိုအပ်ကြောင်း။
အဆင့်ဆင့်သော စီမံခန့်ခွဲမှုစနစ်ကို ထူထောင်
သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင် ရွက်ရာတွင် ခိုင်မာသော ဖွဲ့စည်းတည်ဆောက်မှု၊ လုပ်ငန်းစနစ်ကောင်းမွန်မှု၊ စုစည်းညီညွတ်သည့် ပေါင်းစပ်ညှိနှိုင်း အကောင်အထည်ဖော်ဆောင်မှု တို့သည် မရှိမဖြစ်လိုအပ်ကြောင်း၊ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်၊ ပြည်ထောင်စု အဆင့် စသည်ဖြင့်အဆင့်ဆင့်သော စီမံခန့်ခွဲမှုစနစ် ကို ထူထောင်ထားရမည်ဖြစ်ပြီး အဆင့်တိုင်းတွင် လည်း မူဝါဒများ၊ စီမံချက်များ၊ SOP များ ပြည့်စုံနေ ရန် လိုအပ်ကြောင်း။
အားလုံးလိုက်ပါဆောင်ရွက်နိုင်ရန်လို
မြို့နယ်အဆင့်မှ ပြည်ထောင်စုအဆင့်အထိ အဆင့်တိုင်း၏ ဆောင်ရွက်ချက်များကို ပြန်လည် ဆန်းစစ်ပြီး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင် ရွက်ရန် လိုအပ်ကြောင်း၊ သဘာဝဘေးစီမံခန့်ခွဲမှု လုပ်ငန်းများသည်ဌာန၊ အဖွဲ့အစည်းတစ်ခုတည်း၏ လုပ်ငန်းတာဝန်မဟုတ်ဘဲ ဌာန၊ အဖွဲ့အစည်းများစွာ အပြင် ပြည်သူလူထုပါပူးပေါင်းပါဝင် အကောင် အထည်ဖော်ဆောင်ရွက်ရသည့် လုပ်ငန်းများဖြစ်၍ သာမန်ထက်ပိုမိုစနစ်ကျသော စီမံခန့်ခွဲမှုပုံစံဖြစ်ရန် လိုကြောင်း၊ အားလုံးလိုက်ပါဆောင်ရွက်နိုင်ရန်လို ကြောင်း၊ လုပ်ငန်းနယ်ပယ်အလိုက် တစ်ဦးချင်း ကျွမ်းကျင်မှု၊ အဖွဲ့အလိုက်ကျွမ်းကျင်မှု၊ ဘာသာရပ် ဆိုင်ရာ၊ စီမံခန့်ခွဲမှုဆိုင်ရာ ကျွမ်းကျင်မှုများ ရှိနေ ရမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် လုပ်ငန်းပိုင်း ဆိုင်ရာ စီမံခန့်ခွဲမှုစနစ်ကောင်းမွန်ရေး ဆောင်ရွက် သကဲ့သို့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ စွမ်းဆောင်ရည် မြင့်မားရေး၊ ဝန်ထမ်းများ၏ စိတ်ဓာတ်ခွန်အား မြင့်မားရေးတို့ကိုလည်း အလေး ထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရပ်ရွာ လူထုနှင့် တိုက်ရိုက်ထိတွေ့ရပြီး လက်တွေ့အကောင် အထည်ဖော် ဆောင်ရွက်ရသည့် ပြည်ထောင်စု နယ်မြေ၊ နေပြည်တော် သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၊ တိုင်းဒေသကြီးနှင့် ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များ အနေဖြင့် ပိုမိုအလေးထား ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ သဘာဝဘေးတုံ့ပြန်ရေးဆိုင်ရာ စီမံ ချက်များပါအတိုင်း ကြိုတင်ပြင်ဆင်စုဖွဲ့ခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်း၊ အသိပညာပေးခြင်းများ ဆောင်ရွက်ရန်နှင့် သဘာဝဘေးဖြစ်ပွားလာပါက အန္တရာယ်ကို ကျော်လွှားနိုင်ရန် သဘာဝဘေးစီမံ ခန့်ခွဲမှုအဖွဲ့များ၊ ပြည်သူလူထု၊ အထောက်အကူပြု ပရဟိတအဖွဲ့များအားလုံး ပူးပေါင်းဆောင်ရွက်နိုင် ရန် ကြိုတင်စီမံ ဆောင်ရွက်ထားကြရမည်ဖြစ် ကြောင်း၊ မိမိတို့တွင်ရှိပြီးဖြစ်သည့် လူစွမ်းအား အရင်းအမြစ်၊ အခြေခံအဆောက်အဦ၊ အသုံးပြုနိုင် မည့် ပစ္စည်းကိရိယာများကို ဖော်ထုတ်သိရှိပြီး လိုအပ် သလို ထုတ်နုတ်သုံးစွဲနိုင်ရမည်ဖြစ်ကြောင်း၊ ထို့အတူ သဘာဝဘေးအန္တရာယ်ကို တုံ့ပြန်နိုင်မည့် စွမ်းအား စုများ အမြဲအဆင့်သင့်ဖြစ်နေစေရေး ဆောင်ရွက် ထားပြီး လိုအပ်ချက်များရှိပါက ဖြည့်ဆည်းဆောင် ရွက်ထားရန်နှင့် လူအင်အား၊ ပစ္စည်းအင်အားများကို ထိထိရောက်ရောက် အသုံးပြုနိုင်ရန် စီမံဆောင်ရွက် ထားကြရမည်ဖြစ်ကြောင်း။
ပိုမိုသတိပြု ပူးပေါင်းပါဝင်ဆောင်ရွက်
သဘာဝဘေးအန္တရာယ်များ လျော့ပါးရေး အတွက် သဘာဝဘေးစီမံခန့်ခွဲမှုအပိုင်းတွင် တာဝန် ယူနေသူများသာမက ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်ကြမှသာ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများ လျော့နည်းစေမည်ဖြစ်၍ ပြည်သူလူထု ပိုမိုသတိပြု ပူးပေါင်းပါဝင်ဆောင်ရွက် လာနိုင်စေရန် နှစ်စဉ် အောက်တိုဘာ ၁၃ ရက်တွင် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက် ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်း အနားကို ကျင်းပလျက်ရှိကြောင်း၊ ၂၀၂၁ခုနှစ်တွင် “ဒို့ကမ္ဘာမြေကို ထိန်းသိမ်းဖို့၊ တွဲလက်ခိုင်မာ ပူးပေါင်းစို့” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ကြောင်း၊ ယခုနှစ် တွင်လည်း အလားတူ အထိမ်းအမှတ်အခမ်းအနားကို အောင်မြင်စွာကျင်းပပြီး ပြည်သူများသဘာဝဘေး အသိပညာများ တိုးပွားလာနိုင်စေရေးနှင့် သဘာဝ ဘေးလျော့ပါးရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင် လာနိုင်စေရန် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု တည်မြဲအမိန့် ပြင်ဆင်ရေးဆွဲခဲ့မှုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုကြောင်း၊ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း တုံ့ပြန်ဆောင်ရွက်မှုမှ ရရှိခဲ့သည့်အတွေ့အကြုံ များကို အခြေခံ၍ သဘာဝဘေးစီမံခန့်ခွဲမှုအတွက် တည်မြဲအမိန့် (၂၀၀၉) ကို ရေးဆွဲထုတ်ပြန်အသုံးပြုခဲ့ ကြောင်း၊ အဆိုပါတည်မြဲအမိန့်ကို အသုံးပြုဆောင် ရွက်ခဲ့သည်မှာ အချိန်ကာလ ၁၂ နှစ် ကျော်ခန့် ရှိလာပြီဖြစ်၍ လက်ရှိကာလ ကမ္ဘာတွင် သဘာဝဘေး ဖြစ်ပွားမှု အခြေအနေများ၊ စီမံခန့်ခွဲမှုစနစ်များနှင့် နည်းပညာပြောင်းလဲ တိုးတက်နေမှုများအပေါ် ပြန်လည်သုံးသပ်မှုအရ ၂၀၀၉ ခုနှစ်က ထုတ်ပြန်ခဲ့ သည့်တည်မြဲအမိန့်ကို ပြင်ဆင်ခဲ့ခြင်းဖြစ်ကြောင်း။
နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီ
တည်မြဲအမိန့်တွင် လုပ်ငန်းကော်မတီ (၁၂) ရပ် နှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များ၏ လုပ်ငန်းတာဝန်များ၊ တပ်မတော်နှင့် ဝန်ကြီးဌာနများအကြား ပူးပေါင်း ဆောင်ရွက်နိုင်သည့် လုပ်ငန်းများကို ဦးတည်ရေးဆွဲ ရန် စဉ်းစားသုံးသပ်ခဲ့ပြီး အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနက ၂၀၂၁ ခုနှစ် ဇွန်လမှစ၍ ကာကွယ်ရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာ လုပ်ငန်း ကော်မတီများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ ပါဝင်ရေးဆွဲမှု၊ အကြံပြုသဘောထားမှတ်ချက်များနှင့် ရေးဆွဲဆောင် ရွက်ခဲ့ပြီး သဘာဝဘေးစီမံခန့်ခွဲမှု လုပ်ငန်းများကို မြေပြင်အခြေအနေနှင့် လိုက်လျောညီထွေဖြစ်ကာ နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီစေရန် ဆောင် ရွက်ခဲ့ကြောင်း။
ယခုအခါ ၂၀၂၂ ခုနှစ် သဘာဝဘေးစီမံခန့်ခွဲမှု အတွက် တည်မြဲအမိန့် (မူကြမ်း) ကို ကာကွယ်ရေး ဝန်ကြီးဌာန၊ သက်ဆိုင်ရာလုပ်ငန်း ကော်မတီများ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး နှင့် ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုအဖွဲ့များ၏ သဘောထားမှတ်ချက်များ ရယူပြင်ဆင် ပြီးဖြစ်၍ ယနေ့အစည်းအဝေးတွင် လိုအပ်သလို ဆွေးနွေးပြီးပါက အတည်ပြုရန်လိုအပ်ပြီး အတည်ပြု ပြီးပါက ပုံနှိပ်ထုတ်ဝေနိုင်ရေး ဆက်လက်ဆောင်ရွက် ကာ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းအသီးသီးသို့ ဆက်လက်ဖြန့်ဝေ စတင်အသုံးပြုဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း။
တည်မြဲအမိန့်နှင့် ကိုက်ညီမှုရှိရေး ပြန်လည်စိစစ်
လုပ်ငန်းကော်မတီများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များအနေဖြင့် ရေးဆွဲထားပြီးဖြစ် သည့် သဘာဝဘေးစီမံချက်များကို ယခု ၂၀၂၂ ခုနှစ် တည်မြဲအမိန့်နှင့် ကိုက်ညီမှုရှိရေး ပြန်လည်စိစစ်ကြရန်၊ ခရိုင်နှင့် မြို့နယ်အဆင့်ဆင့် သော သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အဖွဲ့များ နားလည်သိရှိထားပြီး ရည်ညွှန်းကိုးကား ဆောင်ရွက်နိုင်ရေး ထပ်ဆင့်ရှင်းလင်းဆွေးနွေး ထားကြရမည်ဖြစ်ကြောင်း။
သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကို အဆင့်တိုင်း၊ ကဏ္ဍတိုင်းတွင် အရေးကိစ္စတစ်ခု အနေဖြင့် အလေးအနက်ထား ဆောင်ရွက်ရန်နှင့် ပူးပေါင်းတာဝန်ယူ ဆောင်ရွက်ကြရန်လိုကြောင်း၊ သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများသည် တစ်ဦး၊ တစ်ယောက်ချင်း အဖွဲ့အစည်းတစ်ခုချင်း ဆောင်ရွက် နိုင်သည့် လုပ်ငန်းများမဟုတ်ဘဲ အားလုံးပေါင်းစည်း ဆောင်ရွက်ရသည့် လုပ်ငန်းများဖြစ်၍ ချိတ်ဆက် ဆောင်ရွက်နိုင်မှု၊ တာဝန်ခွဲဝေယူမှုနှင့် ပူးပေါင်း ဆောင်ရွက်နိုင်မှုများ အားကောင်းနေရန်လိုကြောင်း။
လုပ်ငန်းကော်မတီအသီးသီးနှင့် တိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းများနှင့် ပတ်သက်၍ တာဝန်ယူထားရသည့် ဒေသ၊ လုပ်ငန်း ကဏ္ဍများအလိုက် ပိုမိုကောင်းမွန်ထိရောက်သော သဘာဝဘေး စီမံခန့်ခွဲမှုလုပ်ငန်းများဖြစ်စေရန် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သဘာဝ ဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရေး ဦးတည်ချက်ထားရှိပြီး စည်းလုံးညီညွတ်စွာ ညှိနှိုင်းပူးပေါင်းဆောင်ရွက် ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ဒေါက်တာ သက်သက်ခိုင် တို့က အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး တင်ပြကြသည်။
ယင်းနောက် စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင် က အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေး (၂/၂၀၂၁) အစည်းအဝေး ဆုံးဖြတ်ချက် များအပေါ် ဆောင်ရွက်ပြီးစီးမှုများနှင့် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုတည်မြဲအမိန့်- ၂၀၂၂ (မူကြမ်း) ပြုစုထားရှိမှုတို့ကို တင်ပြအတည်ပြုချက် ရယူသည်။
ဆက်လက်၍ အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၊ ဘဏ္ဍာငွေ ရှာဖွေရေးနှင့် ရန်ပုံငွေထိန်းသိမ်းရေးလုပ်ငန်း ကော်မတီ အတွင်းရေးမှူး အမြဲတမ်းအတွင်းဝန် ဒေါက်တာကိုကိုနိုင် က အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေ ရရှိ/သုံးစွဲ/ လက်ကျန်စာရင်းများကို ရှင်းလင်းတင်ပြအတည်ပြု ချက်ရယူသည်။
ထို့နောက် စီမံခန့်ခွဲမှုကော်မတီဝင် ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် တာဝန်ရှိ သူများက သဘာဝဘေး စီမံခန့်ခွဲရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှု၊ သဘာဝဘေးအန္တရာယ် ဖြစ်ပွား လာပါက အရေးပေါ်တုံ့ပြန်နိုင်ရေးဆောင်ရွက်ထားရှိမှု၊ သဘာဝဘေး ဖြစ်ပွားမှုများနှင့် ထောက်ပံ့ပေးမှု၊ သဘာဝဘေးအသိပညာပေး ဆောင်ရွက်မှုများကို သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းဆွေးနွေး တင်ပြကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က လိုအပ်သည် များကို ဖြည့်စွက်ဆွေးနွေးသည်။
ယင်းနောက် စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ဒုတိယဝန်ကြီးက အမျိုးသား သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီအစည်းအဝေး(၁/၂၀၂၂) ဆုံးဖြတ်ချက်များကို ရှင်းလင်းတင်ပြအတည်ပြုချက် ရယူသည်။
ဆက်လက်၍ အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က နိဂုံးချုပ်အမှာ စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက် ကြောင်း သတင်းရရှိသည်။
သတင်းစဉ်