၂၀၁၉ -၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁ -၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် တပ်မတော်(လေ)မှ စစ်သည်များ၊ စစ်မှုထမ်းဆဲ/ စစ်မှုထမ်းဟောင်းမိသားစုဝင် သားသမီးများ၊ စစ်သည်အစားခန့် အရပ်သားဝန်ထမ်းများ၏သားသမီးများကို ဂုဏ်ပြုဆုချီးမြှင့်

 

နေပြည်တော်   ဇူလိုင်   ၂၇


၂၀၁၉ - ၂၀၂၀    ပညာသင်နှစ်နှင့် ၂၀၂၁ - ၂၀၂၂        ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌  ထူးချွန် စွာ          အောင်မြင်ခဲ့ကြသည့် တပ်မတော် (လေ)မှ  စစ်သည်များ၊ စစ်မှုထမ်းဆဲ/  စစ်မှုထမ်းဟောင်း မိသားစုဝင်သားသမီးများ၊ စစ်သည် အစားခန့်  အရပ်သားဝန်ထမ်းများ ၏သားသမီးများအား   ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို  ယနေ့ နံနက်ပိုင်းတွင်       နေပြည်တော် လေတပ်စခန်း၌         ကျင်းပရာ ကာကွယ်ရေးဦးစီးချုပ်       (လေ) ဗိုလ်ချုပ်ကြီး     ထွန်းအောင်နှင့် အရာရှိ/စစ်သည်    မိသားစုများ၊ စစ်မှုထမ်းဟောင်းမိသားစုဝင်များ၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ အောင်မြင် ခဲ့ကြသည့်         စစ်သည်များ၊ ကျောင်းသား      ကျောင်းသူများ၊ မိဘများနှင့်  ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 


ဦးစွာ ကာကွယ်ရေးဦးစီးချုပ် (လေ)က     ဂုဏ်ပြုအမှာစကား ပြောကြားပြီး       တက္ကသိုလ်ဝင် စာမေးပွဲတွင်  ထူးချွန်စွာအောင်မြင် ခဲ့ကြသည့်      ခြောက်ဘာသာ ဂုဏ်ထူးရှင် ခြောက်ဦး၊ ငါးဘာသာ ဂုဏ်ထူးရှင် ၁၂ ဦး၊  လေးဘာသာ ဂုဏ်ထူးရှင် ၂၁ ဦး၊ သုံးဘာသာ ဂုဏ်ထူးရှင် ၂၇ ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင် ၄၈ ဦး၊ တစ်ဘာသာ ဂုဏ်ထူးရှင် ၁၃၉ ဦး၊   ရိုးရိုးအောင် စစ်သည် ၂၁ ဦးတို့ကို ကာကွယ်ရေး ဦးစီးချုပ်(လေ)နှင့်   တာဝန်ရှိသူ များက     ဂုဏ်ပြုဆုနှင့်    ဂုဏ်ပြု မှတ်တမ်းလွှာများ      ပေးအပ် ချီးမြှင့်ခဲ့ကြပြီး စုပေါင်း အမှတ်တရ   ဓာတ်ပုံရိုက်ကြကြောင်း    သတင်း ရရှိသည်။        

သတင်းစဉ်