
လဟယ် ဇူလိုင် ၂၆
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တည် နှစ်(၅၀) ပြည့် ရွှေရတုအထိမ်း အမှတ်အဖြစ် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ(ဖလား) ရပ်ကွက်ကျေးရွာပေါင်းစုံ အလွတ်တန်းဘောလုံးပြိုင်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် လဟယ်မြို့ ရွှေပြည်သာအားကစားကွင်း၌ ကျင်းပ သည်။
ရှေးဦးစွာ အားကစားသမား များက နေရာယူပြီး ကွင်းဖွင့်ပွဲ အခမ်းအနားကို စစ်ကြောင်းမှူးက ကြေညာကာ စစ်ကြောင်းမှူးက အားကစားသမားများကို နာဂ ဒေသ စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း ထံသို့ အပ်နှံ ပြီး နာဂဒေသ စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌက ကွင်းဖွင့်ပွဲ အမှာစကား ပြောကြားသည်။ ထို့နောက် ပြိုင်ပွဲဝင်အသင်းများမှ အားကစား သစ္စာအဓိဋ္ဌာန် လေးချက် ရွတ်ဆို၍ မွန်ထွေ ကျေးရွာ ကျောင်းသူလေးများက အားကစားသီချင်းဖြင့် ဖျော်ဖြေ ကာ ဦးစီးဥက္ကဋ္ဌနှင့် တာဝန်ရှိ သူများက အားကစားသမား များကို အသင်းလိုက် လိုက်လံ နှုတ်ဆက်သည်။
ထို့နောက် စတင်ယှဉ်ပြိုင် ရာတွင် ပွဲဦးထွက်အနေဖြင့် (NYRDDC)လက်ရွေးစင်အသင်း နှင့် ထန်းပါခွေလက်ရွေးစင်အသင်း တို့ ယှဉ်ပြိုင်ကြသည်။ အဆိုပါ လဟယ်မြို့တည် နှစ်(၅၀) ပြည့် ရွှေရတု အထိမ်းအမှတ် မြို့နယ် အားကစားနှင့် ကာယပညာ ကော်မတီဥက္ကဋ္ဌ (ဖလား)ရပ်ကွက်၊ ကျေးရွာပေါင်းစုံ အလွတ်တန်း ဘောလုံးပြိုင်ပွဲကို ဩဂုတ် ၁၀ ရက်အထိ ပြိုင်ပွဲဝင်အသင်း ၁၆ သင်း ယှဉ်ပြိုင်ကစားသွား မည်ဖြစ်ကြောင်း၊ အဆိုပါ အားကစားပြိုင်ပွဲသို့ နာဂဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လဟယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်ဝင်းနှင့် အဖွဲ့ဝင်များ၊ ဒေသ/မြို့နယ်အဆင့် ဌာနဆိုင်ရာ များ၊ အားကစားပြိုင်ပွဲဝင်များ ကြည့်ရှုအားပေးကြကြောင်း သိရ သည်။
ယွန်း(မုံရွာ၊ ကိုယ်ပွား)