
ရွာငံ ဇူလိုင် ၂၆
ရှမ်းပြည်နယ် တောင်ပိုင်း ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံ မြို့နယ်ရှိ အိမ်ထောင်စုလူဦးရေ စာရင်း (ပုံစံ- ၆၆/၆) များအား Software Program ဖြင့် ထည့်သွင်းနေမှုကို မြို့နယ် လဝက ဦးစီးမှူးရုံး၌ ယနေ့နံနက်ပိုင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌဦးခင်မောင်ဦးနှင့် တာဝန် ရှိသူများက သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများတွင် မဲဆန္ဒရှင် စာရင်းများ တိကျမှန်ကန်စေရေး နှင့် အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ- ၆၆/၆) များ တိကျမှန်ကန်မှုရှိ စေရေးအတွက် မြို့နယ်အတွင်းရှိ အိမ်ထောင်စု လူဦးရေစာရင်း များကို e-ID စနစ်ဖြင့် Software အသုံးပြုကာ Database အတွင်း ထည့်သွင်းသည့် လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ် ဆေး ပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
အဆိုပါလုပ်ငန်းများ ဆောင် ရွက်နေမှုကို ဇူလိုင် ၁၈ ရက်မှ စတင်၍ ရက်ပေါင်း ၅၀ အတွင်း အိမ်ထောင်စုလူဦးရေစာရင်း စုစု ပေါင်း ၁၉၇၉၅ ဦးကို ပြီးစီးအောင် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
မိုးမိုးထွေး (ပြန်/ဆက်)