
တပ်ကုန်း ဇူလိုင် ၂၆
ပြည်ထောင်စုနယ်မြေ နေပြည်တော်ဥတ္တရခရိုင် စားသုံးသူရေးရာ ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်ဆွေ ဦးဆောင် မှုဖြင့် တပ်ကုန်းမြို့နယ် ဆီကုန်သည်အသင်းဝင်များ ပူးပေါင်း၍ ပြည်သူများ မီးဖိုချောင်သုံး စားသုံးဆီဈေးနှုန်းသက်သာစွာ ဝယ်ယူ နိုင်ရေး ယနေ့နံနက် ၉ နာရီက ရွေးစုကျေးရွာသို့ ကွင်းဆင်းရောင်း ချပေးသည်။
ထိုသို့ရောင်းချပေးမှုတွင် တပ်ကုန်းမြို့မဈေး ဆီကုန်သည်အသင်းဝင် မသာယာနုဝေစံ(ကျစ်ကျစ်) ကုန်စုံဆီဆိုင်မှ စားသုံးဆီတစ်ပိဿာ လျှင် ငွေကျပ် ၄၀၀၀ နှုန်းဖြင့် ဆီပိဿာ ၄၄၀ ကို စားသုံးသူများ လက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)