
ကော့သောင်း ဇူလိုင် ၂၃
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ အလုပ်သမား ဝန်ကြီးဌာန အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ ထိုင်း နိုင်ငံသို့ MoU စနစ်ဖြင့်မြန်မာအလုပ်သမားများစေလွှတ်ရေးလုပ်ငန်းစဉ်အရ ယမန်နေ့မွန်းလွဲပိုင်းက ကော့သောင်း နယ်စပ်ဂိတ်မှတစ်ဆင့် မြန်မာအလုပ်သမားအမျိုးသား ၇၉ ဦး၊ အမျိုးသမီး ၄၆ ဦး စုစုပေါင်း ၁၂၅ ဦး ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် အလုပ်လုပ်ကိုင်ရန် ထွက်ခွာသွားကြောင်း သိရ သည်။
အဆိုပါ မြန်မာအလုပ်သမားများအား ပြည်ပအလုပ် အကိုင် အကျိုးဆောင်(ထိုင်း)လိုင်စင်ရအေဂျင်စီ တစ်ခုဖြစ် သည့် Yellow Dawn Services Co,Ltd မှ ထိုင်းနိုင်ငံရှိ Westcom Co,Ltd သို့ နှစ်နှစ်စာချုပ်ဖြင့် အလုပ်လုပ်ကိုင်နိုင် ရန် တာဝန်ယူဆောင်ရွက်ပေးခြင်းဖြစ်ကာ ရန်ကုန်မြို့ မှတစ်ဆင့် ကော့သောင်းမြို့သို့ လေကြောင်းခရီးစဉ်ဖြင့် ခေါ်ယူခဲ့ပြီး ကော့သောင်းအပြည်ပြည်ဆိုင်ရာနယ်စပ်ဂိတ် မှတစ်ဆင့် ရေလမ်းခရီးဖြင့် ထိုင်းနိုင်ငံသို့ ပို့ဆောင်ပေးမည် ဖြစ်သည်။
သွားရောက်အလုပ်လုပ်ကိုင်မည့် မြန်မာအလုပ်သမား များအား ကော့သောင်းခရိုင် အလုပ်သမားညွှန်ကြားမှုဦးစီး ဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ ကော့သောင်းခရိုင်ရုံးနှင့် တာဝန်ရှိအဖွဲ့အစည်းများ က လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ပေးကြပြီး အလုပ်အကိုင်ကုမ္ပဏီတာဝန်ရှိသူများက ထိုင်းနိုင်ငံရှိ အလုပ်လုပ်ကိုင်မည့် ကုမ္ပဏီသို့စနစ်တကျ ပို့ဆောင်ပေး ကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)