မူဆယ်မြို့ မေတ္တာတော်စံအိမ် မိဘမဲ့နှင့် ကလေးသူငယ် ပြုစုစောင့်ရှောက်ရေးဂေဟာသို့ ဆေးဝါးများလှူဒါန်း

 

မူဆယ် ဇူလိုင် ၂၂ 


ရှမ်းပြည်နယ်(မြောက်ပိုင်း)  မူဆယ်မြို့အတွင်းရှိ  မေတ္တာတော်စံအိမ် မိဘမဲ့နှင့်   ကလေးသူငယ်ပြုစု  စောင့်ရှောက်ရေးဂေဟာသို့  ဇူလိုင်  ၂၂ ရက်က    ကျန်းမာရေးအသုံးအဆောင်ပစ္စည်းများနှင့်   ဆေးဝါးများ လှူဒါန်းပွဲပြုလုပ်သည်။

 


မူဆယ်မြို့နယ် မိုင်းယု (၁၀၅) မိုင်ကြက်ခြေနီအသင်းခွဲမှ တပ်ခွဲမှူး    ဦးသန့်ဇင်   ဦးဆောင်သည့်   ကြက်ခြေနီစေတနာ့လုပ်အားရှင်များ နှင့် ဒေါက်တာ အောင်ရဲကျော်တို့  ပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါကြိုတင်      ကာကွယ်နိုင်စေရန်    ကျန်းမာရေးအသုံးအဆောင်ပစ္စည်းများနှင့်      ဆေးဝါးများ၊ နှာခေါင်းစည်း၊ လက်သန့်စင်ဆေးရည်များ လှူဒါန်းပေးရာ တာဝန်ခံ  ဆရာ  ဆရာမများက လက်ခံရယူသည်။

 


မူဆယ်မြို့ မေတ္တာတော်စံအိမ် မိဘမဲ့ကလေးသူငယ်စောင့်ရှောက် ရေးဂေဟာတွင် ကချင်ပြည်နယ် မြစ်ကြီးနား၊ ဝိုင်းမော်မြို့၊ ဖားကန့်မြို့ များမှ   ကလေးငယ်များ  အပါအဝင်   မူဆယ်ခရိုင်မြို့နယ်အတွင်းမှ ကလေးများ၊  ဆရာ  ဆရာမများနှင့်  ကလေးသူငယ် စုစုပေါင်း  ၂၀၀ ခန့်ရှိပြီး  ဆရာ  ဆရာမများနှင့် အသက် (၁၂) နှစ်အထက် ကလေးများ  ကိုဗစ်ကာကွယ်ဆေးများ ထိုးထားပြီးကြောင်း သိရှိရသည်။ လတ်တလော  ကလေးလူကြီး ၂၀ ကျော် ရာသီတုပ်ကွေးပုံစံ ဖျားနာနေကြောင်းနှင့်  (၁၀၅)မိုင် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက လိုအပ်သည့် ကျန်းမာရေးကူညီစောင့်ရှောက်ပေးခဲ့ကြောင်း         ကိုဗစ်ရောဂါနှင့် ပတ်သက်၍ ရှောင်ရန်ဆောင်ရန်နှင့်  လိုက်နာရမည့်စည်းကမ်းချက်များ အသိပညာ ပေးကြောင်းသိရသည်။                                            

သန့်ဇင်(မူဆယ်)