
နေပြည်တော် ဇူလိုင် ၂၂
အနောက်တောင်တိုင်းစစ်ဌာနချုပ်၏ ၂၀၂၂ ခုနှစ် တိုင်းမှူးတံခွန်စိုက်ဒိုင်း သေနတ်ပစ်ပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နယ်မြေခံသင်တန်းကျောင်း စက်ပစ်ကွင်း၌ကျင်းပရာ တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားပြီး မိုးပျံပူဖောင်းများကို ပစ္စတိုဖြင့် ပစ်ဖောက်ဖွင့်လှစ် ပေးသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာ ကြသူများက အမျိုးသမီးပစ္စတို ထိလဲပစ်ခတ်စဉ် စွမ်းရည်ပြပစ်ခတ်မှုများကို ကြည့်ရှုအားပေးကြသည်။
အဆိုပါ သေနတ်ပစ်ပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/ တပ်ဖွဲ့များမှ ပြိုင်ပွဲဝင် အမျိုးသားအသင်း ၁၀ သင်းဖြင့် ဇူလိုင် ၂၉ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်