
ပုသိမ် ဇူလိုင် ၂၂
ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ်နှင့် ကျောင်းကုန်းမြို့နယ်များမှ ၂၀၂၂ ခုနှစ် မိုးစပါးရာသီ တစ်ဧက တင်း ၁၀၀ နှုန်းထွက်ရှိရေး ဧက ၁၀၀ စံပြကွက်ရှိ တောင်သူများအား ကွန်ပေါင်းဓာတ်မြေဩဇာ ထောက်ပံ့ပေးအပ်ပွဲကို ဇူလိုင် ၂၁ ရက်က မြို့နယ်အသီးသီး၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက်၍ တောင်သူများအား မြေဩဇာအိတ်များ ထောက်ပံ့ပေးအပ်ခဲ့သည်။
တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကန်ကြီးထောင့် မြို့နယ်၌ ကွင်းယားကြီးကျေးရွာရှိ ဧက ၁၀၀ စံပြ ကွက်စိုက်တောင်သူများအား ကွန်ပေါင်းဓာတ်မြေ ဩဇာအိတ် ၁၀၀ ထောက်ပံ့ပေးအပ်ခဲ့ပြီး တောင်သူ များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ ကျောင်းကုန်း မြို့နယ်၌ ကောက်ကြီးကုန်းကျေးရွာရှိ ဧက ၁၀၀ စံပြကွက်စိုက် တောင်သူများအား ကွန်ပေါင်း ဓာတ်မြေဩဇာများ ဆက်လက်ထောက်ပံ့ပေးအပ် ပြီး အထွက်တိုးမျိုးကောင်းမျိုးသန့်များ သုံးစွဲကြ ရေး၊ စနစ်တကျမြေပြင်ခြင်းလုပ်ငန်းများ ဆောင် ရွက်ကြရေး၊ သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာ များကို အချိုးကျသုံးစွဲကြရေး၊ မိရိုးဖလာစိုက်ပျိုး နည်းများအပြင် ခေတ်မီစိုက်ပျိုးနည်းစနစ်များ၊ စက် ကိရိယာများ အသုံးပြုဆောင်ရွက်ကြရေးနှင့် တိုင်း ဒေသကြီး၏ ပန်းတိုင်အထွက်နှုန်းများ ရရှိစေရေး ကြိုးစားဆောင်ရွက်ကြရန် မှာကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန က ၂၀၂၂-၂၀၂၃ အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကျောင်းကုန်းမြို့နယ် ဆိပ်သာကြီးကျေးရွာနှင့် ကန်ကြီးထောင့်မြို့နယ် ဆိပ်သာလေးကျေးရွာကြား ဆက်သွယ်ထားသည့် ကျုံလမုချောင်းကူးတံတား အရှည်ပေ ၁၂ဝ ၊ အကျယ် ၁၄ ပေ တည်ဆောက်မှုအခြေ အနေများကို ကြည့်ရှုစစ်ဆေးပြီး တံတားအရည် အသွေးပြည့်မီရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီပြီးစီးအောင် ဆောင်ရွက်နိုင်ရေး မှာကြား ခဲ့သည်။
တိုင်းဒေသကြီး(ပြန်/ဆက်)