ကွန်ပျူတာတက္ကသိုလ်(မန္တလေး)နှင့် နည်းပညာတက္ကသိုလ်(ကျောက်ဆည်)တို့၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပ

 

မန္တလေး  ဇူလိုင်  ၂၂ 


မန္တလေးတိုင်းဒေသကြီး    အစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်း       သင်ကြားနေသော တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ၊ အခြေခံကျောင်းများ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဖွင့်လှစ်သင်ကြားရာတွင် ကျောင်းသား ကျောင်းသူများ စိတ်ချမ်းမြေ့ပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက်   ကျောင်းများသို့ သွားရောက်ဆောင်ရွက်ပေးလျက်ရှိရာ စဉ့်ကိုင်မြို့ နယ်ရှိ ကွန်ပျူတာတက္ကသိုလ် (မန္တလေး) မောင်မယ် သစ်လွင်ကြိုဆိုပွဲအခမ်းအနားသို့ ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကိုနှင့် တိုင်းဒေသကြီး ဝန်ကြီးများ တက်ရောက်ကြသည်။

 


ဦးစွာ   တိုင်းဒေသကြီးဝန်ကြီးချုပ်က   ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားရာတွင်  နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်ကို ချမှတ်ပြီး အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ တစ်မျိုးသားလုံးကျန်းမာ ကြံ့ခိုင်ရေးနှင့် ပညာရေးမြင့်မားရေးအတွက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တိုင်းဒေသကြီးအတွင်း ပညာရေးပတ်ဝန်းကျင်ကောင်းများရရန် ဖြည့်ဆည်း ဆောင်ရွက်ပေးနေကြောင်း၊   ကွန်ပျူတာသိပ္ပံနှင့် သတင်းအချက်အလက်နည်းပညာ     တိုးတက် ပြောင်းလဲမှုများသည် နိုင်ငံတိုင်း၏ ဘက်စုံဖွံ့ဖြိုးရေး တွင်    အရေးပါသည့်အခန်းကဏ္ဍဖြစ်၍    ထူးချွန် ကျွမ်းကျင်သည့် အတတ်ပညာရှင်၊ နည်းပညာရှင်များ ဖြစ်အောင်  ကြိုးစားကြရမည်ဖြစ်ကြောင်း၊ ကွန်ပျူ တာပညာရပ်ဖြင့်  အသက်မွေးဝမ်းကျောင်းပြုနိုင် သည်အထိ    ရည်မှန်းချက်ထားကာ   နိုင်ငံတော်မှ အားကိုးအားထားပြုရသည့်   လူ့စွမ်းအားအရင်း အမြစ်များဖြစ်အောင် လေ့လာသင်ယူနေကြရမည် ဖြစ်ကြောင်း ပြောကြားသည်။

 


ဆက်လက်၍ ကျောင်းသား ကျောင်းသူများ၏ ဘာသာရပ်အလိုက် တိုင်းရင်းသားရိုးရာအကများ၊ တေးသီချင်းသရုပ်ဖော်အကများဖြင့် ဧည့်ခံဖျော်ဖြေမှု ကို ကြည့်ရှုအားပေးပြီးနောက် တိုင်းဒေသကြီးဝန်ကြီး ချုပ်က  မောင်မယ်သစ်လွင် အခမ်းအနားအတွက် ဂုဏ်ပြုငွေကျပ်သိန်း   ၂၆   သိန်း၊  တက္ကသိုလ်များ အားကစားအဆင့်အတန်း    မြင့်မားရေးအတွက် အားကစားပစ္စည်းများကို  ပေးအပ်ပြီး ရင်းနှီးစွာ နှုတ်ဆက်သည်။

 


ယင်းနောက်တိုင်းဒေသကြီး    ဝန်ကြီးချုပ်နှင့် အဖွဲ့သည်  နည်းပညာတက္ကသိုလ်(ကျောက်ဆည်) အောင်ဆန်းခန်းမ၌ ပြုလုပ်သည့် မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားသည်။

 


ဆက်လက်၍    တိုင်းဒေသကြီးဝန်ကြီးချုပ်က     မောင်မယ်သစ်လွင် အခမ်းအနားအတွက် ဂုဏ်ပြုငွေ ကျပ်သိန်း ၂၀၊   တက္ကသိုလ်များ  အားကစားအဆင့် အတန်းမြင့်မားရေးအတွက်    အားကစားပစ္စည်းများကို ပေးအပ်ပြီး ရင်းနှီးစွာနှုတ်ဆက်သည်။

 


ယင်းနောက်   တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည်  အမရပူရမြို့နယ်ရှိ   မန္တလာတက္ကသိုလ် ဘွဲ့နှင်းခန်းမတွင်  ကျင်းပသည့်    ပင်လုံဆောင်၊ မန္တလာမေဆောင်၊ ချယ်ရီမေဆောင်၊ မောင်နှမဆောင် များ၏   မိတ်ဆုံအခမ်းအနားသို့   ညနေပိုင်းတွင် ရောက်ရှိကာ အခမ်းအနားကို တိုင်းဒေသကြီးဝန်ကြီး ချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မန္တလာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာခင်စန်းစန်းဝင်းနှင့် တာဝန်ရှိ သူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

 


အဆိုပါ အခမ်းအနားများတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူးများ)၊ သင်ကြားရေး ဆရာ ဆရာမ များ၊ ဝန်ထမ်းများနှင့် တွေ့ဆုံမှာကြားပြီး ဝန်ထမ်း များ၏ အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေး ကြောင်း သတင်းရရှိသည်။                  

သတင်းစဉ်