တိုင်းရင်းသားလူမျိုးများ ရုပ်သံလိုင်း အချိန်ပြောင်းလဲထုတ်လွှင့်မည်

 

နေပြည်တော်   ဇူလိုင်   ၂၂


မြန်မာ့အသံနှင့်   ရုပ်မြင်သံကြား၊   တိုင်းရင်းသားလူမျိုးများ   ရုပ်သံလိုင်းထုတ်လွှင့်မှုကို  ၂၀၂၂  ခုနှစ်    ဧပြီလ  ၁  ရက်နေ့မှစပြီး ၂၀၂၂ ခုနှစ်  ဇူလိုင်လ   ၃၁  ရက်နေ့အထိ နေ့စဉ် နံနက်(၆:၀၀)နာရီမှစပြီး   အနောက်ပိုးကရင်၊  အရှေ့ပိုးကရင်၊  ချင်း(လိုင်ဇိုး)၊  ချင်း(ချိုး) မွန်၊  ရခိုင်၊ ရှမ်း၊ ‘ဝ’၊  ကချင်၊ ကယား၊ စကောကရင်ဘာသာ  အစီအစဉ်များကို  ည(၂၃:၀၀)နာရီအထိ  ထုတ်လွှင့်လျက်ရှိပါသည်။

 


ယခု NRC  ရုပ်သံလိုင်းထုတ်လွှင့်ချိန်   ပြောင်းလဲထုတ်လွှင့်မှုကို ၂၀၂၂ ခုနှစ် ဩဂုတ်လ ၁ ရက် နေ့မှစပြီး ၂၀၂၂ ခုနှစ်  နိုဝင်ဘာလ ၃၀ ရက်နေ့အထိ နေ့စဉ် နံနက် (၆:၀၀)နာရီမှ (၇:၀၀) နာရီအထိ အရှေ့ပိုးကရင်ဘာသာအစီအစဉ်၊ နံနက် (၇:၀၀) နာရီမှ  (၈:၀၀)နာရီ အထိ ချင်း(လိုင်ဇိုး) ဘာသာအစီအစဉ်၊   နံနက် (၈:၀၀) နာရီမှ နံနက်(၉:၀၀)နာရီအထိ ချင်း(ချိုး) ဘာသာအစီအစဉ်၊ နံနက် (၉:၀၀)နာရီမှ နံနက် (၁၁:၀၀)နာရီအထိ မွန်ဘာသာ အစီအစဉ်၊ နေ့လယ် (၁၁:၀၀)မှ မွန်းတည့်(၁၃:၀၀)နာရီအထိ ရခိုင်ဘာသာ အစီအစဉ်၊ မွန်းတည့် (၁၃:၀၀)နာရီမှ မွန်းလွဲ (၁၅:၀၀)နာရီအထိ ရှမ်းဘာသာ အစီအစဉ်၊ မွန်းလွဲ (၁၅:၀၀)နာရီမှ (၁၇:၀၀)နာရီအထိ ‘ဝ’ ဘာသာ အစီအစဉ်၊ ညနေ (၁၇:၀၀)နာရီမှ ညနေ (၁၉:၀၀)နာရီအထိ ကချင်ဘာသာ အစီအစဉ်၊ ညနေ (၁၉:၀၀) နာရီမှ ည (၂၁:၀၀)နာရီအထိ ကယားဘာသာ အစီအစဉ်၊ ည(၂၁:၀၀) နာရီမှ (၂၂:၀၀)နာရီအထိ စကောကရင်ဘာသာ အစီအစဉ်၊ ည(၂၂:၀၀) နာရီမှ (၂၃:၀၀) နာရီအထိ  အနောက်ပိုးကရင်ဘာသာ အစီအစဉ်တို့ကို   ဘာသာအလိုက် အချိန်ပြောင်းလဲ  ထုတ်လွှင့်သွားမည်ဖြစ်ပါသည်။


သတင်းစဉ်