နိုင်ငံတော်မှ နိုင်ငံ့ဝန်ထမ်း(အမြဲတမ်း)ဝန်ထမ်းများအား အိမ်ငှားစရိတ်ထောက်ပံ့မည်

နေပြည်တော် ဇူလိုင် ၂၂ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်၍ ယနေ့ကျင်းပ ပြုလုပ်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ စီးပွားရေးရာကော်မတီအစည်းအဝေး (၆/၂၀၂၂) ၏ (ဝဲပုံ) အစည်းအဝေးဆုံးဖြတ်ချက်အရ နိုင်ငံ့ဝန်ထမ်း (အမြဲတမ်း)များအား အိမ်ငှားစရိတ် ထောက်ပံ့မည် ဖြစ်ကြောင်း သိရှိရသည်။ နိုင်ငံ့ဝန်ထမ်း(အမြဲတမ်း) များ အနေဖြင့် အိမ်ငှားစရိတ်အဖြစ် အိမ်ထောင်သည်ဖြစ်ပါက မူရင်းလစာ၏ ၈ ရာခိုင်နှုန်းနှင့် လူပျို/အပျိုဖြစ်ပါက ၄ ရာခိုင်နှုန်း ခံစားခွင့်ရရှိမည်ဖြစ်ပြီး ခံစားခွင့်များကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လမှစတင်၍ ခံစားခွင့်ပြုမည်ဖြစ် ကြောင်းနှင့် အသေးစိတ်အား ဇူလိုင်လ ၂၅ ရက် (တနင်္လာနေ့) ၌ သတင်းထုတ်ပြန်သွားမည်ဖြစ် ကြောင်း သိရှိရသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် အစိုးရဝန်ထမ်းများအား ခေတ်နှင့်အညီ ချီးမြှင့်ငွေ၊ ထောက်ပံ့ငွေများ ပေးအပ် လျက်ရှိရာ ယခုအိမ်ငှားစရိတ် ထောက်ပံ့ခြင်းအပါ အဝင် ချီးမြှင့်ထောက်ပံ့မှု (၂၆)ခု ပြုလုပ်ပြီးဖြစ်ကြောင်း သတင်းရရှိသည်။ သတင်းစဉ်