
သီပေါ ဇူလိုင် ၂၁
ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့နယ် ရွာသစ်ကျေးရွာ အုပ်စု ကျောင်းစုကျေးရွာ ဘဏ္ဍ ဘုန်းတော်ကြီးကျောင်း ပရိဝုဏ် အတွင်းရှိ ရှေးဟောင်း မဟာဘဏ္ဍမုနိ စေတီတော်မြတ်ကြီးသည် လွန်ခဲ့သည့် နှစ်ပေါင်းတစ်ထောင် ကျော်က လေဒဏ်မိုးဒဏ်များကြောင့် ပျက်စီးယိုယွင်းလျက်ရှိနေရာ ရှေးမူရှေးဟန်မပျက် ပြန်လည်ပြုပြင်နိုင်ရန် မြို့နယ် သံဃနာယကအဖွဲ့၏ ဩဝါဒကို ခံယူ၍ ဘဏ္ဍကျောင်းတိုက်ကြီး ပဓာနနာယက ဆရာတော် သာသ နာဓဇဓမ္မာစရိယ အရှင်ဇာနေယျ ဦးဆောင်ဦးရွတ်ပြုမှုဖြင့် စေတနာရှင်များ စုပေါင်းလှူဒါန်းမှုနှင့် တည်ထားလျက်ရှိသည်။
အဆိုပါ ရှေးဟောင်းစေတီတော်မြတ်ကြီး သတ်မှတ်ကာလအတွင်း ပြီးမြောက်စေရန် စေတီတော်ကြီး၏ ပင်မအဓိကလုပ်ငန်း ဖြစ်သော စေတီတော်ကြီး မဏ္ဍိုင်တည်၍ အထွတ်သို့တင်လှူနိုင်ရေးအတွက် မြို့နယ်သံဃနာယကအဖွဲ့ အကျိုးတော်ဆောင်၊ ပြည်နယ် ဝန်ဆောင်ဆရာတော် သာသနာ ၂၅၀၀ တိုက်သစ်ပဓာနနာယက၊ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကောသလ အရှင်သူမြတ်နှင့် ဘဏ္ဍ ကျောင်းတိုက် ဆရာတော်တို့ အမှူးပြု၍ သံဃာတော်အရှင်သူမြတ်များကစေတီတော်အား မဏ္ဍိုင် တင်လျက် ဘုရားအနေကဇာ တင်ပြီး မေတ္တသုတ်များနှင့် ပဋ္ဌာန်းဒေသနာတော်များ ရွတ်ဖတ်သရဇ္ဈာယ် ဆောင်ရွက်တော် မူကြကြောင်း သိရသည်။
စိုင်း(သီပေါ)