
ဟောင်ကောင် ဇူလိုင် ၂၁
ကင်ဆာရောဂါ ဖြစ်ပွားစေနိုင်သော ကြောင့် ဥရောပသမဂ္ဂမှ တားမြစ်ထား သော ethylene oxide ပိုးသတ်ဆေးမှာ Haagen-Dazs ရေခဲမုန့်အမျိုးအစား လေးမျိုးတွင် ပါဝင်နိုင်သောကြောင့် ဟောင်ကောင်ဒေသ အစားအစာဘေးကင်း လုံခြုံရေးစင်တာက စားသုံးသူများ မစားသုံးရန် တိုက်တွန်းထားသဖြင့် အဆိုပါ ရေခဲမုန့် နှစ်မျိုးအား စူပါမားကတ် မှ ဖယ်ရှားခဲ့ကြောင်း ၂၀၂၂ ခုနှစ် ဇူလိုင် ၁၀ ရက်ထုတ် The Standard သတင်းစာ ၌ “Four ice-cream products pulled amid pesticide fears” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားသည်။
အဆိုပါ သတင်းဆောင်းပါး၌ ၃-၇-၂၀၂၂ ရက်နှင့် ၁၇-၇-၂၀၂၃ ရက်မတိုင်မီ စားသုံးရန် သင့်လျော်သည့် Haagen-Dazs Vanilla Ice Cream Pint (၄၇၃ မီလီလီတာ)၊ Haagen-Dazs Vanilla Ice Cream Bulk (၉ ဒသမ ၄၆ လီတာ)၊ Haagen-Dazs Vanilla Ice Cream Mini cup (၁၀၀ မီလီလီတာ)၊ Haagen-Dazs Vanilla Ice Cream Mini cup (၇၅ မီလီလီတာ ) တို့အား ရောင်းချနေမှုမှ ရပ်တန့်ခဲ့ကြောင်း၊ အဆိုပါ ရေခဲမုန့်များ မှာ ပြင်သစ်နိုင်ငံ၌ ပြုလုပ်ခြင်းဖြစ်ပြီး General Mills Hong Kong မှ တင်သွင်းခဲ့ ခြင်းဖြစ်ကြောင်း၊ အဆိုပါ ရေခဲမုန့် နှစ်မျိုး ကို စားသုံးသူများ ဝယ်ယူပြီးလျှင် မစားသုံးရန် အစားအစာ ဘေးကင်းလုံခြုံ ရေးစင်တာက ပြောကြားထားကြောင်း၊ အဆိုပါ ရေခဲမုန့်များ၌ ဥရောပသမဂ္ဂမှ အသိအမှတ်ပြုထားခြင်း မရှိသော ethylene oxide ပါဝင်သည်ကို ဥရောပ သမဂ္ဂ၏ Rapid Alert System for Food and Feed (RASFF) မှ သတိပေးချက်အား အစားအစာ ဘေးကင်းလုံခြုံရေး စင်တာ အနေဖြင့် ရရှိခဲ့ကြောင်း၊ RASFF မှ ရရှိ သော အချက်အလက်များအရ ethylene oxide ပါဝင်သော ရေခဲမုန့်များ ဟောင်ကောင်ဒေသသို့ တင်သွင်းခဲ့သည် ကို တွေ့ရှိခဲ့ကြောင်း၊ အစားအစာ ဘေးကင်းလုံခြုံရေးစင်တာက အဆိုပါ ကုန်ပစ္စည်းအုပ်စုများအား ပြန်လည် စစ်ဆေးရန်နှင့် သင့်လျော်သည့် ဆောင်ရွက်မှုများ ပြုလုပ်ရန် တိုက်တွန်း ပြောကြားခဲ့ကြောင်း၊ ကုန်သည်များ အနေဖြင့်လည်း အဆိုပါ ပစ္စည်းများရှိပါက ရောင်းချမှုအား ရပ်တန့်ရန်ပြောကြားခဲ့ ကြောင်း စသည်ဖြင့် ရေးသားဖော်ပြ ထားသည်။
သတင်းရင်းမြစ်များ- မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ စီးပွားရေးသံမှူးများ၏ ပေးပို့မှုအချက်အလက်များ။ ခင်ရတနာ စုစည်းဖော်ပြသည်၊၊