မြန်မာနိုင်ငံတွင် ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်း (CBT) အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာပေါင်း ၄၆ ရွာရှိ

 

နေပြည်တော်   ဇူလိုင်   ၂၁


ဟိုတယ်နှင့်     ခရီးသွားလာရေး   ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး    ဒေါက်တာဌေးအောင်သည် ယနေ့ နံနက်ပိုင်းတွင်   အင်ဒိုနီးရှားနိုင်ငံ ကျေးလက်ဒေသ      အားနည်း လျော့ပါးသည့်      ဒေသများနှင့်  ရွှေ့ပြောင်းခြင်းများ      ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ဝန်ကြီးဌာန က  Hybrid  စနစ်ဖြင့်     ကျင်းပ သော  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်   ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးအတွက်   ကျေးရွာ အရင်းအမြစ်   စီမံခန့်ခွဲမှုဆိုင်ရာ     အာဆီယံဒေသတွင်း       ဖိုရမ်သို့ ဝန်ကြီးဌာန      နီလာခန်းမမှ ပါဝင်တက်ရောက်သည်။

 


အဆိုပါ   ဖိုရမ်သို့       အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ   ကိုယ်စား လှယ်များ၊        မြန်မာနိုင်ငံ   ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် များနှင့်   တာဝန်ရှိသူများ၊   တိုင်း ဒေသကြီးနှင့်    ပြည်နယ်ရုံးခွဲ တာဝန်ခံများ၊   ခရီးစဉ်ဒေသစီမံ ခန့်ခွဲမှုအဖွဲ့များမှ   ကိုယ်စားလှယ် များနှင့်   မြန်မာနိုင်ငံ    ခရီးသွား လုပ်ငန်းရှင်များအသင်းမှ  တာဝန် ရှိပုဂ္ဂိုလ်များ ပါဝင်တက်ရောက်ကြသည်။ 

 


အဆိုပါ ဖိုရမ်တွင် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဌေးအောင်က  မြန်မာနိုင်ငံတွင်    ရပ်ရွာလူထု အခြေပြု     ခရီးသွားလုပ်ငန်း   (CBT)    အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာ ပေါင်း   ၄၆  ရွာ      ရှိပါကြောင်း၊ ထူးခြားသော   ယဉ်ကျေးမှုနှင့်   သဘာဝသယံဇာတများ    ပေါများ ကြွယ်ဝသည့်      ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ    ဒေသခံ ပြည်သူများ၏     လူမှုစီးပွားဘဝ      ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ခရီးသွားလုပ်ငန်း  ဖွံ့ဖြိုးတိုးတက် ရေးသည်  အဓိကကျပါကြောင်း၊ ခရီးသွားလုပ်ငန်းသည် ဒေသတွင်း  လူမှုအသိုင်းအဝိုင်း၏   အကျိုး စီးပွားကို အကျိုးပြုနိုင်ပါကြောင်း။ 

 


ခရီးသွားကျေးရွာများ  ဖွံ့ဖြိုး တိုးတက်ရေးအတွက်   ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်၊    ဒေသ တွင်းအဆင့်တွင်       ကျေးရွာ ခရီးသွားလုပ်ငန်းများ၌  ခရီးစဉ် များ  ဖန်တီးရန်နှင့်  လိုအပ်သည့်  စံနှုန်းများချမှတ်ရန်   အရေးကြီး ပါကြောင်း၊       ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးတွင်        ဘက်စုံ ခရီးသွားလုပ်ငန်း  ဖွံ့ဖြိုးတိုးတက် ရေးအဆင့် မြှင့်တင်ရန်    အစိုးရ- ပုဂ္ဂလိက   -   ပြည်သူလူထုများ  အတူတကွ   ပူးပေါင်းဆောင်ရွက် မှုကို မြှင့်တင်ရန် အလွန်အရေးကြီး ပါကြောင်း၊     ဖိုရမ်တွင်    ပါဝင် တက်ရောက်သူများ   အားလုံးကို အာဆီယံဒေသ၏       ကျေးရွာ ခရီးသွားလုပ်ငန်း    ဖွံ့ဖြိုးတိုးတက် ရေးအတွက်  ပူးပေါင်းဆောင်ရွက် ပေးစေလိုပါကြောင်း    ဆွေးနွေး ပြောကြားသည်။ 

 


ဆက်လက်၍         ခရီးသွား ကျေးရွာ ဖွံ့ဖြိုးတိုးတက် ရေးမဟာ ဗျူဟာနှင့်   နိုင်ငံအဆင့်၊  အာဆီယံ ဒေသတွင်းအဆင့်တွင် ခရီးသွား ကျေးရွာများ၏     ထုတ်ကုန်များ    မြှင့်တင်ဖန်တီးနိုင်မည့်     အခွင့် အလမ်းများ၊  Gianyar ခရီးသွား ကျေးရွာ     ဖွံ့ဖြိုးတိုးတက်မှု၊  ဒေသခံများ၏      အလုပ်အကိုင်နှင့်  ဝင်ငွေတိုးပွားရေးတို့ကို ပံ့ပိုး ကူညီ မှုဆိုင်ရာ   အတွေ့အကြုံကောင်း များ၊    ခရီးသွားကျေးရွာ စီမံခန့်ခွဲ မှုဆိုင်ရာ   အတွေ့အကြုံကောင်း များ၊    ခရီးသွားကျေးရွာများ၏ ထုတ်ကုန်များ     ဖန်တီးရာတွင်   စိန်ခေါ်မှုများ၊    နိုင်ငံစီးပွားရေး   ဖွံ့ဖြိုးတိုးတက်မှုနှင့်  ဆင်းရဲနွမ်းပါး မှုပပျောက်ရေးတွင်    ခရီးသွား ကျေးရွာများ၏     အခန်းကဏ္ဍ အရေးပါမှု၊ တရုတ်နိုင်ငံရှိ  ခရီးသွား ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးတွင်  ဒေသခံများ        ပါဝင်မှုနှင့် အာဆီယံဒေသတွင်း  အဆင့်တွင် တရုတ်နိုင်ငံမှ ခရီးသွားလုပ်ငန်း လုပ်ကိုင် ဆောင်ရွက်နေသူများ၏ စွမ်းဆောင်ရည်    မြှင့်တင်ခြင်း ဆိုင်ရာ    အခွင့်အလမ်းများကို သက်ဆိုင်ရာ    ကျွမ်းကျင်ပညာ ရှင်များက        ဦးဆောင်ဆွေးနွေး ကြပြီး  တက်ရောက်လာသူများက     သိရှိလိုသည်များကို    မေးမြန်း ဆွေးနွေးကြသည်။ 

 


ယင်းနောက်   ဟိုတယ်နှင့်  ခရီးသွားညွှန်ကြားမှု   ဦးစီးဌာန       ဒုတိယ    ညွှန်ကြားရေးမှူးချုပ် ဦးဇေယျာမျိုးအောင်က     မြန်မာ နိုင်ငံတွင်      လူထုအခြေပြု ခရီးသွားလုပ်ငန်းများ   ဆောင်ရွက် နေမှု       အခြေအနေများနှင့်     ကျေးလက်ဒေသ        ခရီးသွားလုပ်ငန်း   အကြောင်းအရာများကို ဆွေးနွေးသည်။ 

 


အဆိုပါ   ဖိုရမ်ကို  အာဆီယံ အဖွဲ့ဝင်နိုင်ငံများအကြား   ပူးတွဲ ခရီးစဉ်  Packages များကို  ရေးဆွဲ ဖော်ဆောင်ရန်၊  ဒေသတွင်းခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် စံသတ်မှတ် ချက်များအား  ရေးဆွဲဖော်ဆောင် ရန်၊  ခရီးစဉ်ဒေသများ မြှင့်တင်ရေး ပူးပေါင်းဆောင်ရွက်ရန်၊  အဖွဲ့ဝင် နိုင်ငံများအကြား   ပူးပေါင်း ဆောင်ရွက်မှုနှင့်   ခရီးသွားဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ   ကတိကဝတ်များ   ပူးပေါင်းအကောင်အထည် ဖော်နိုင်ရေး  သဘောထားအကြံပြုချက်များရရှိနိုင်ရန်     ရည်ရွယ် ကျင်းပခြင်းဖြစ်ကြောင်း     သိရသည်။


သတင်းစဉ်