တပ်မတော် တပ်ရင်း/တပ်ဖွဲ့အသီးသီးမှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံ၊ ဂုဏ်ပြုစားပွဲ အတူတကွသုံးဆောင်

 

နေပြည်တော်  ဇူလိုင်  ၂၁


ရဲဘော်စိတ်ဟူသည် ရဲဘော်အချင်းချင်းအပေါ် ထားရှိသော မေတ္တာ တရား၊ သံယောဇဉ်တရား၊ သစ္စာစောင့်သိမှုတရားပင် ဖြစ်သည်နှင့်အညီ တပ်မတော်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့်   အရာရှိ၊ စစ်သည် အဆင့်အတန်းအားလုံး ရဲဘော်စိတ်  အပြည့်ထားရှိပြီး အထက်အောက် ညီညွတ်မျှတသည့် အုပ်ချုပ်မှုစနစ်ရှိရန် လိုအပ်ကြောင်း   တပ်မတော် အကြီးအကဲမှ လမ်းညွှန်မှာကြားထားသည်ဖြစ်ရာ အုပ်ချုပ်မှု ညီညွတ် မျှတစေရန်အတွက်  ကွပ်ကဲအုပ်ချုပ်ရာ၌  တပ်မှူးကောင်းစိတ်ဓာတ် (Commander Spirit)၊ ဖခင်သဖွယ်စိတ်ဓာတ် (Fatherly Spirit)တို့ဖြင့် ကွပ်ကဲအုပ်ချုပ် ဆောင်ရွက်လျက်ရှိသည်။ 

 


ထိုသို့ ဆောင်ရွက်လျက်ရှိရာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်နှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/တပ်ဖွဲ့များနှင့် နယ်မြေခံ သင်တန်းကျောင်းများသို့ သွားရောက်၍ အရာရှိ၊ စစ်သည်၊ မိသားစုများ ကို ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ပြီး  ဂုဏ်ပြုစားပွဲများ အသီးသီး ပြုလုပ်ပေး၍ တက်ရောက်အားပေးကာ  အရာရှိ၊ စစ်သည်၊ မိသားစုများ နှင့် အတူတကွလက်ရေတစ်ပြင်တည်း သုံးဆောင်ခဲ့ကြသည်။

 


အလားတူ  တိုင်းစစ်ဌာနချုပ်များအလိုက်  တပ်နယ်အသီးသီးမှ တပ်မတော် အရာရှိကြီးများကလည်း ၎င်းတို့၏ ကွပ်ကဲမှုများအလိုက် တပ်ရင်း/တပ်ဖွဲ့များနှင့် နယ်မြေခံသင်တန်းကျောင်းများမှ အရာရှိ၊ စစ်သည်၊ မိသားစုများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး ဂုဏ်ပြု စားပွဲများ ပြုလုပ်၍ တက်ရောက်အားပေးကာ   အရာရှိ၊ စစ်သည်၊ မိသားစုများနှင့်အတူတကွ သုံးဆောင်ခဲ့ကြောင်း သတင်းရရှိသည်။ 

သတင်းစဉ်