
ပဲခူး ဇူလိုင် ၂၁
KG တိုင်းရင်းသား ကျောင်းသား ကျောင်းသူများအတွက် တိုင်းရင်း သားတို့၏ ပုံပြ ပုံပြင်စာအုပ်များကို ပေးအပ်ရခြင်းသည် တိုင်းရင်းသား ကလေးငယ်များ မိမိတို့၏ ဘာသာ စကားနှင့် စာပေကို ပိုမိုစိတ်ဝင်စား လာစေရန်ဖြစ်ကြောင်း၊ ယခု ပေးအပ်သည့် တိုင်းရင်းသား ပုံပြ ပုံပြင်စာအုပ်များသည် တိုင်းရင်း သားကလေးငယ်များ၏ မူလတန်း စာပေသင်ကြားရာတွင် များစွာ အထောက်အကူ ဖြစ်စေရန်နှင့် ကျောင်းထွက်နှုန်း လျော့ကျစေ ရန်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောကြားသည်။
ယနေ့ နံနက်ပိုင်းတွင် ပဲခူးမြို့ ဥဿာမြို့သစ် ဓမ္မစေတီလမ်းနှင့် သစ်တောရိပ်သာ လမ်းထောင့်ရှိ တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည့် KG တိုင်းရင်းသား ကျောင်းသား ကျောင်းသူများအတွက် တိုင်းရင်း သား ပုံပြ ပုံပြင်စာအုပ်များ ပေးအပ် ပွဲ အခမ်းအနားတွင် ထိုသို့ ပြော ကြားခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းရင်းသား တို့၏စာပေနှင့် ဘာသာစကား တို့ကို အားပေးမြှင့်တင်ခြင်းဖြင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှု နှင့် ချစ်ကြည်လေးစားမှုတို့ ရရှိစေမည်ဖြစ်ကြောင်း၊ တိုင်းရင်းသား ကျောင်းသား ကျောင်းသူ များအနေဖြင့် မိမိတို့၏ စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှုများကို အလေးအနက် တန်ဖိုးထားတတ် စေရန် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များက အားသွန် ခွန်စိုက်ကြိုးစား ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကယား၊ ကရင်နှင့် အရှိုချင်း တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ကော်မတီများထံသို့ လည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးက ပအိုဝ်းနှင့်ဗမာ တိုင်းရင်း သားစာပေနှင့် ယဉ်ကျေးမှု ကော်မတီများထံသို့ လည်းကောင်း၊ တိုင်းဒေသကြီး တိုင်းရင်းသား ရေးရာဝန်ကြီးက မွန်နှင့်ရှမ်း တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ကော်မတီများထံသို့ လည်းကောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ဦးစီးဌာန ညွှန်ကြားရေးမှူးက ရခိုင် တိုင်းရင်းသားများအတွက် လည်းကောင်း တိုင်းရင်းသား ပုံပြ ပုံပြင်စာအုပ်များကို ပေးအပ်ကြသည်။
တိုင်းရင်းသား လူမျိုးများ ရေးရာဝန်ကြီးဌာနနှင့် ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်း ၍ KG တိုင်းရင်းသား ကျောင်းသား ကျောင်းသူများဖြစ်သော ကယား၊ စကောကရင်၊ အရှိုချင်း၊ မွန်၊ ရခိုင်၊ ရှမ်း၊ ပအိုဝ်းနှင့် ဗမာ စသည့် တိုင်းရင်းသားများနှင့် သက်ဆိုင်သည့် ပုံပြပုံပြင် စာအုပ်ပေါင်း ၁၀၃၆၄၃ အုပ် ခွဲဝေပေးအပ်ခြင်း ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်