
ပဲခူး ဇူလိုင် ၂၀
ပဲခူးတိုင်းဒေသကြီးအတွင်း Omicron မျိုးကွဲ BA.4 , BA.5 များ ကူးစက်ပျံ့နှံ့မှုမရှိစေရန် ကြိုတင်ကာကွယ်ရေး နည်းလမ်းများဖြင့် အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောကြားသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး တော်ဝင်ဟံသာ အစည်း အဝေးခန်းမ၌ ယနေ့နံနက်ပိုင်း က Online Zoom Meeting System ဖြင့် ကျင်းပသည့် ကိုဗစ်- ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁၁/၂၀၂၂)တွင် ထိုသို့ပြောကြား ခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီး အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအပြည့်အဝ ထိုးနှံ ပေးနိုင်ရေး ဆက်လက်ဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်း၊ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး အမျိုးအစားအလိုက် ဆေးသက် တမ်း မကုန်ဆုံးမီ စနစ်တကျ စီမံခန့်ခွဲ၍ ကာကွယ်ဆေးထိုးနှံရန် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက အထူးအလေးထား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသ ကြီး ပြည်သူ့ကျန်းမာရေးဦးစီး ဌာန တိုင်းဒေသကြီးဦးစီးမှူးက ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုနှင့် ကုသမှု၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌများက မြို့နယ် အလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုး လုပ်ငန်းများ ဆောင်ရွက်နေမှု၊ Facility Quara-ntineများ ကြိုတင်ပြင်ဆင်ထားရှိ မှု၊ ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများ ကျန်ရှိမှုနှင့် Oxygen Plant များအသင့်ဆောင်ရွက်ထား ရှိမှုတို့ကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပဲခူးတိုင်းဒေသ ကြီး အစိုးရအဖွဲ့ တာဝန်ရှိသူများ က ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးလုပ်ငန်းများ အရှိန် အဟုန်မပြတ် ဆောင်ရွက်သွားရန်၊ Facility Quarantine များ ကြံ့ခိုင် မှု စစ်ဆေးခြင်းဆောင်ရွက်ရန်၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးနည်းလမ်းများ အသိ ပညာပေးခြင်းနှင့် ဦးတည်အုပ်စု အလိုက် ကာကွယ်ဆေးထိုး စာရင်းများ စနစ်တကျ Database အတွင်း ထည့်သွင်းနိုင်ရေး အကြံပြု တင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရ သည်။
သတင်းစဉ်