၂၀၂၂ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အသက် ၁၉ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

 

နေပြည်တော်   ဇူလိုင်  ၂၀


အားကစားနှင့်  လူငယ်ရေးရာ ဝန်ကြီးဌာနနှင့်   မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့   ပူးပေါင်း ကျင်းပသည့်    ၂၀၂၂  ခုနှစ် ပြည်နယ်နှင့်    တိုင်းဒေသကြီး အသက် ၁၉ နှစ်အောက် အမျိုး သား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်း အနားကို ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်း၌ ကျင်းပသည်။

 


ဖွင့်ပွဲအခမ်းအနားသို့  နိုင်ငံ တော်   စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ဦးခင် မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊  စောဒန်နီယယ်၊ ဒေါက်တာ  ဗညားအောင်မိုးနှင့် ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီး များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊   ဌာနဆိုင်ရာ တာဝန်ရှိသူများ၊     ပြိုင်ပွဲဝင် အသင်းများမှ အုပ်ချုပ်သူ၊ နည်းပြ များ၊ အားကစားသမားများနှင့် ဘောလုံးဝါသနာရှင်များ တက် ရောက်ကြသည်။

 

ရှေးဦးစွာ မြန်မာနိုင်ငံအိုလံပစ် ကော်မတီဥက္ကဋ္ဌ၊      အားကစား နှင့်   လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး      ဦးမင်း သိန်းဇံက      မြန်မာ့ဘောလုံး အားကစား   အဆင့်အတန်းကို တိုးတက်မြင့်မားလာစေရေးနှင့် သွေးသစ်လူငယ်ဘောလုံးသမား များ  စဉ်ဆက်မပြတ်   ပေါ်ထွက် လာစေရေး၊   ပြည်နယ်နှင့်  တိုင်း ဒေသကြီးအသီးသီးမှ   ဘောလုံး အားကစားသမားများ      အချင်း ချင်း    သွေးစည်းညီညွတ်မှုရှိပြီး   ပြည်ထောင်စုစိတ်ဓာတ်     ပိုမို ထွန်းကား     ပြန့်ပွားလာစေရန်    ရည်ရွယ်၍  ပြိုင်ပွဲကို  ကျင်းပပေး ရခြင်းဖြစ်ကြောင်း။

 


မြန်မာ့ဘောလုံး   အားကစား အဆင့်အတန်း   တိုးတက်မြင့်မား လာစေရန် အရှေ့တောင်အာရှနှင့် အာရှဒေသနယ်ပယ်တွင်  အောင် မြင်စွာ    ရပ်တည်နိုင်ရေးသည်  ပြည်သူတစ်ရပ်လုံး၏   လိုလား ချက်ဖြစ်သကဲ့သို့     အားကစား နှင့်  လူငယ်ရေးရာဝန်ကြီးဌာန၏ ရည်မှန်းချက်တစ်ရပ်အဖြစ်လည်း အကောင်အထည်ဖော်   ဆောင် ရွက်လျက်ရှိကြောင်း၊     မြန်မာ ဘောလုံးအသင်း    အောင်မြင်မှု ရရှိနိုင်ရန်   မြန်မာ့လက်ရွေးစင် လူငယ်များကို     ကျောထောက် နောက်ခံအဖြစ် အင်အားအများ ဆုံး   ဖြည့်တင်းပေးနိုင်မည့် ပြည်နယ်နှင့်     တိုင်းဒေသကြီး လူငယ်ဘောလုံးပြိုင်ပွဲများကို မိမိ တို့ ဌာနအနေဖြင့် စဉ်ဆက်မပြတ် ကျင်းပပေးနေခြင်းဖြစ်ကြောင်း။

 


နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်ချက်နှင့်အညီ  မြန်မာ့ ဘောလုံးအားကစား     ပြန်လည် အောင်မြင်မှုရရှိရန်   အရေးကြီး တာဝန်တစ်ရပ်အဖြစ်    ခံယူပြီး အောင်နိုင်ရေးစီမံချက် ရေးဆွဲကာ အလေးအနက်ထား ဆောင်ရွက် လျက်ရှိကြောင်း။

 


နိုင်ငံတော်မှ    အားကစားကို ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ အားကစားသမားများအနေ ဖြင့်လည်း နိုင်ငံတော်၏ ကျေးဇူး သစ္စာကို စောင့်သိရိုသေပြီး နိုင်ငံ ဂုဏ်သိဏ္ခာကျစေမည့်      ပြုမူ ဆောင်ရွက်မှုမျိုး မပြုလုပ်မိစေရန် အထူးမှာကြားလိုပါကြောင်း။ 

 


ပြိုင်ပွဲဝင်  အားကစားသမား များအနေဖြင့်       အားကစား စိတ်ဓာတ်      အပြည့်အဝနှင့် သန့်သန့်ရှင်းရှင်း       ယှဉ်ပြိုင် ကစားကြရန်၊     ဒိုင်လူကြီးများ ကလည်း ဘက်လိုက်မှုကင်းရှင်း ပြီး သတ်မှတ်ထားသည့် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ တရားမျှတမှန်ကန်စွာ   ဆုံးဖြတ် ဆောင်ရွက်သွားကြရန်နှင့် နိုင်ငံ တော်က အားထားရမည့် ဘောလုံး အားကစားသမားကောင်းများ ပေါ်ထွက်လာအောင်   ယှဉ်ပြိုင် ကစားသွားကြရန်    တိုက်တွန်း မှာကြားကာ ၂၀၂၂ ခုနှစ် ပြည်နယ် နှင့် တိုင်းဒေသကြီး အသက် ၁၉ အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ကို ဖွင့်လှစ်ပေးသည်။

 


ထို့နောက်          ပြိုင်ပွဲဝင် အားကစားသမားများက   အား ကစားသစ္စာဓိဋ္ဌာန်   (၄)  ချက်ကို ရွတ်ဆိုကြသည်။
ယင်းနောက်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ အားကစားနှင့်      လူငယ်ရေးရာ ဝန်ကြီးဌာန     ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ များနှင့် အားကစားသမားများကို ရင်းရင်းနှီးနှီး   လိုက်လံနှုတ်ဆက် ကြသည်။

 


ထို့နောက်        နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ အားကစားနှင့်   လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ၂၀၂၂ ခုနှစ် ပြည်နယ်နှင့်      တိုင်းဒေသကြီး အသက် ၁၉ နှစ်အောက် အမျိုး သား  ဘောလုံးပြိုင်ပွဲဖွင့်ပွဲ  ပွဲစဉ် အဖြစ်    နေပြည်တော်အသင်းနှင့် ကချင်ပြည်နယ်အသင်းတို့ ယှဉ် ပြိုင်ကစားနေမှုကို      ကြည့်ရှု အားပေးကြသည်။

 


၂၀၂၂   ခုနှစ်   ပြည်နယ်နှင့် တိုင်းဒေသကြီး  အသက်  ၁၉  နှစ် အောက်    အမျိုးသားဘောလုံး ပြိုင်ပွဲကို ဇူလိုင် ၂၀ ရက်မှ ဩဂုတ် ၃ ရက်အထိ ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်း၊    လေ့ကျင့်ရေး ကွင်းအမှတ်  ၁  နှင့် ကွင်းအမှတ် ၃  တို့၌  ပြိုင်ပွဲဝင်အသင်း   ၁၄  သင်းမှ အားကစားသမားစုစုပေါင်း ၃၂၅ ဦးတို့က ယှဉ်ပြိုင်ကစားကြ မည်ဖြစ်သဖြင့်     ဘောလုံးအား ကစားနည်းကို  စိတ်ပါဝင်စားသူ မိဘပြည်သူများအနေဖြင့် အခမဲ့ လာရောက်   ကြည့်ရှုနိုင်ကြောင်း သိရသည်။                  

သတင်းစဉ်