ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး “တတိယအကြိမ်မြောက် တရုတ်-အာဆီယံ တရားရေးဖိုရမ်” တက်ရောက်

 

နေပြည်တော်  ဇူလိုင်   ၂၀


အာဆီယံနှင့်တရုတ်နိုင်ငံအကြား   မိတ်ဖက်ဆောင်ရွက်မှုများ   ပိုမို လွယ်ကူတိုးတက်စေရန်နှင့် တရားရေးဆိုင်ရာအတွေ့အကြုံဖလှယ် မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ  ပိုမိုတိုးမြှင့်နိုင်ရန်အတွက်  တတိယ အကြိမ်မြောက် တရုတ်-အာဆီယံ တရားရေးဖိုရမ်  (The 3rd China-ASEAN Justice Forum) ကို ယနေ့ နံနက် ၈နာရီခွဲတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ  ကွမ်ရှီးကျွမ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ  နန်နင်းမြို့၌  ကျင်းပရာ   ပြည်ထောင်စုတရားသူကြီးချုပ်   ဦးထွန်းထွန်းဦး   အွန်လိုင်း ဖြင့် တက်ရောက်သည်။

 


ယင်းဖိုရမ်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ   ပြည်သူ့တရားရုံးချုပ် (Supreme People’s Court of China- SPC) က  ကြီးမှူး၍   ကွမ်ရှီး ကျွမ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ  ပြည်သူ့တရားလွှတ်တော်က  ပံ့ပိုး ကူညီကျင်းပခြင်းဖြစ်သည်။ 

 


  ဖွင့်ပွဲအခမ်းအနားတွင်       ပြည်ထောင်စု       တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ   ပြည်သူ့တရားရုံးချုပ်မှ တရားသူကြီးချုပ် Zhou Qiang၊ အာဆီယံ ၁၀ နိုင်ငံမှ တရားသူကြီးချုပ် များနှင့်  အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်တို့က   အဖွင့်အမှာ စကား ပြောကြားကြသည်။ 

 


ယင်းနောက် ဖိုရမ်ကိုဆက်လက်ကျင်းပရာ တက်ရောက်လာကြ သည့် အာဆီယံ ၁၀  နိုင်ငံမှ ကိုယ်စားလှယ်များက ဖိုရမ်၏ဆောင်ပုဒ် ဖြစ်သည့် “၂၁ ရာစု ပိုးလမ်းမကို ပူးတွဲတည်ဆောက်ဖို့ တရားရေးဆိုင်ရာ အဆင့်မြင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ကြပါစို့” နှင့်အညီ တရား စီရင်ရေးနှင့် ဆက်နွှယ်သော ဘာသာရပ်ခေါင်းစဉ်များအပေါ်  ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးပြီး အကြံဉာဏ်များဖလှယ်ကြသည်။ 

 


ဖိုရမ်တွင်  အဓိကအားဖြင့်  “ဒေသတွင်းကုန်သွယ်မှုနှင့်  ရင်းနှီး မြှုပ်နှံမှုအတွက် ပိုမိုကောင်းမွန်သော တရားစီရင်ရေးဆိုင်ရာ ဝန်ဆောင် မှုများ ပံ့ပိုးနိုင်ရန် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက် မှုဆိုင်ရာ  စီးပွားရေးနှင့်ကုန်သွယ်မှု စည်းမျဉ်းအသစ်များကို အရှိန်မြှင့် ဆောင်ရွက်ရေး” ၊ “အပြည်ပြည်ဆိုင်ရာ အသိဉာဏ်ပစ္စည်း မူပိုင်ခွင့် ဆိုင်ရာ ကာကွယ်မှုတိုးတက်စေရန် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရေး” ၊ “ ကပ်ရောဂါကာကွယ်ထိန်းချုပ် ရေးနှင့် စီးပွားရေးပြန်လည်ထူထောင်ရေးအတွက် တရားစီရင်ရေးဆိုင်ရာ အကူအညီပေးရန် နယ်စပ်ဖြတ်ကျော် အွန်လိုင်းတရားစွဲဆိုမှုကို မြှင့်တင် ရေး” တို့နှင့် စပ်လျဉ်း၍ စာတမ်းများဖတ်ကြားဆွေးနွေးကြသည်။

                                                                                     
ထို့နောက် ဖိုရမ်သို့တက်ရောက်လာကြသည့် နိုင်ငံများက တတိယ အကြိမ်မြောက် တရုတ်-အာဆီယံ တရားရေးဖိုရမ်၊နန်နင်းသဘောတူညီ ချက်ကို အတည်ပြုထုတ်ပြန်ခဲ့သည်။ 

 


ဖိုရမ်သို့  ပြည်ထောင်စုတရားသူကြီးချုပ်  ဦးထွန်းထွန်းဦးနှင့်အတူ ပြည်ထောင်စုတရားလွှတ်တော်ချုပ်   တရားသူကြီး   ဦးမျိုးတင့်၊ ဦးကြည်သိန်း၊ ဦးခင်မောင်ကြီး၊  ဦးသောင်းနိုင်နှင့်  ဦးသိန်းကိုကို တို့ တက်ရောက်ကြပြီး  ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှ  ဒုတိယ ညွှန်ကြားရေးမှူးချုပ်  ဦးအောင်ကျော်မိုးနှင့် ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ  မိုးသူဇာဦးတို့က    ဖိုရမ်အစီအစဉ်များတွင်    စာတမ်းများ ဖတ်ကြားခဲ့ကြသည်။                    

သတင်းစဉ်