
နေပြည်တော် ဇူလိုင် ၂၀
၂၀၂၂ ခုနှစ် ကာကွယ်ရေးဦးစီးချုပ် (ရေ) တံခွန်စိုက်ဒိုင်း ပြေးခုန်ပစ် ပြိုင်ပွဲဆုပေးပွဲကို ယနေ့နံနက်ပိုင်း တွင် ဧရာဝတီရေတပ်စခန်း ဌာန ချုပ် သီဟသူရထွန်းတင်ခန်းမ၌ ပြုလုပ်ရာ နယ်မြေခံရေတပ် ကွပ်ကဲမှုဌာနချုပ်၊ ကွပ်ကဲမှုဌာန ချုပ်မှူး ဗိုလ်ချုပ် ထိန်ဝင်းနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ကြသည်။
ဦးစွာ ရေတပ်ကွပ်ကဲမှု ဌာန ချုပ်မှူးက အမှာစကား ပြောကြား ပြီး ဆုပေးပွဲကို ဆက်လက် ပြုလုပ်ရာ တံခွန်စိုက်ဒိုင်းဆု ရရှိ သည့် ဧရာဝတီရေတပ်စခန်း ဌာနချုပ်အသင်းကို ကွပ်ကဲမှု ဌာနချုပ်မှူးက လည်းကောင်း၊ ပြိုင်ပွဲအမျိုးအစားအလိုက် ဆုရရှိ သူများကို တာဝန်ရှိသူများက လည်းကောင်း ဆုများ ပေးအပ် ချီးမြှင့်ကြသည်။
အဆိုပါ ပြေးခုန်ပစ်ပြိုင်ပွဲကို ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ) ကွပ်ကဲမှုအောက် ရေတပ်စခန်း ဌာနချုပ်များမှ ပြိုင်ပွဲဝင် အသင်း ၁၃ သင်းဖြင့် ဇူလိုင် ၁၀ ရက်မှ ယနေ့အထိ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်