(၇၅)နှစ်မြောက် အာဇာနည်နေ့ ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့ဝန်ကြီးများရုံး (ယခင်အတွင်းဝန်ရုံး)၌ နိုင်ငံတော်အလံအား တိုင်ဝက်သို့ လျှော့ချလွှင့်ထူခြင်း အခမ်းအနားကျင်းပ

 

ရန်ကုန်    ဇူလိုင်      ၁၉


(၇၅)နှစ်မြောက်   အာဇာနည်နေ့ ဝမ်းနည်းခြင်း   အထိမ်းအမှတ် အဖြစ်   ရန်ကုန်မြို့ဝန်ကြီးများရုံး   (ယခင်အတွင်းဝန်ရုံး)၌ နိုင်ငံတော် အလံအား   တိုင်ဝက်သို့  လျှော့ချ လွှင့်ထူခြင်း    အခမ်းအနားကို ယနေ့  နံနက်ပိုင်းက   ဗိုလ်ချုပ် အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများ   ကျဆုံးခဲ့ရာ    ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် ရှိ ဝန်ကြီးများရုံး  (ယခင် အတွင်း ဝန်ရုံး)၌ ကျင်းပသည်။

 


အခမ်းအနားသို့   (၇၅) နှစ် မြောက်    အာဇာနည်နေ့   အခမ်း အနား      ကျင်းပရေးလုပ်ငန်း ကော်မတီအတွင်းရေးမှူး၊ ရန်ကုန် တိုင်းဒေသကြီး  စည်ပင်သာယာ ရေးဝန်ကြီး        မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့်  ကော်မတီဝင်များ၊ ဌာနဆိုင်ရာ   တာဝန်ရှိသူများ၊ ဂုဏ်ပြုတပ်ဖွဲ့များ  တက်ရောက် ကြပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ အာဇာနည်ခေါင်းဆောင် ကြီးများကို     အလေးပြုကြပြီး နိုင်ငံတော်အလံအား တိုင်ဝက်သို့ လျှော့ချလွှင့်ထူကာ      နှစ်မိနစ် ငြိမ်သက်စွာ မေတ္တာပို့အမျှပေးဝေကြသည်။

 


ဗိုလ်ချုပ်     အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ  ကျဆုံးခဲ့သည့်  ရန်ကုန်မြို့ဝန်ကြီး များရုံး      (ယခင်အတွင်းဝန်ရုံး) အတွင်းသို့   ယမန်နှစ်များက ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်      အညီ ဝင်ရောက်လေ့လာခွင့်ပြုထားခြင်း မရှိခဲ့သော်လည်း ယခု ၂၀၂၂ ခုနှစ် တွင်   ကျန်းမာရေးဝန်ကြီးဌာနက  သတ်မှတ်ထားသော  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန် ချက်များနှင့်အညီ ဖွင့်လှစ်ပြသ ထားသည်။

 


ယနေ့  ဇူလိုင် ၁၉ ရက်တွင် ဝန်ကြီးများရုံး (ယခင် အတွင်းဝန် ရုံး)၌   ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည့်    အစည်းအဝေး ခန်းမနှင့် ပါလီမန် အဆောက်အအုံ နေရာတို့ကို    နံနက် ၉  နာရီမှ     ညနေ  ၃  နာရီအထိ    အများပြည်သူ လာရောက်လေ့လာနိုင်ရန်   ယနေ့   တစ်ရက်တာ အထူးဖွင့်လှစ်ပြသ ခဲ့သည်။ ကျန်နေ့များတွင် နံနက် ၉ နာရီမှ   ညနေ ၅ နာရီအထိ ပိတ်ရက်မရှိ   ဖွင့်လှစ်ထားရှိပြီး      အာဇာနည် ခေါင်းဆောင်ကြီးများ ၏      အစည်းအဝေးခန်းမနှင့် ပါလီမန်  အဆောက်အအုံနေရာ၊ အခြားလေ့လာစရာ     သမိုင်းဝင် နေရာများကို အများပြည်သူများ  ဝင်ရောက်ကြည့်ရှု    လေ့လာနိုင် ကြောင်း သိရပြီး အများပြည်သူ များ   လာရောက်လေ့လာသည့် အခါ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေး  လမ်းညွှန်ချက်များနှင့်အညီ စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။

 


(၇၅)နှစ်မြောက်     အာဇာနည် နေ့    ဗိုလ်ချုပ်အောင်ဆန်းနှင့်  အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည့်    နံနက် ၁၀ နာရီ ၃၇ မိနစ်တွင်     ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ်     ဥဩဆွဲ အချက်ပေးပြီး ယာဉ်နှင့်   ပြည်သူ များက   ရပ်တန့်ကာ    ဦးညွှတ် အလေးပြုခဲ့ကြကြောင်း     သိရသည်။                        

သတင်းစဉ်