
နေပြည်တော် ဇူလိုင် ၁၆
နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးမြင့်စိုးသည် ပျဉ်းမနားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်မောင်သန်းနှင့် ဌာနဆိုင်ရာများနှင့်အတူ ဇူလိုင် ၁၅ ရက်က ပျဉ်းမနားမြို့နယ် ကျီးဖြူ ရိုးကျေးရွာရှိ အမေတင့်ဘက်စုံမွေးမြူရေးခြံသို့ သွားရောက်ပြီး မြို့နယ်အတွင်း မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးသည်။
နေပြည်တော်ကောင်စီဝင်က ကျေးလက်နေ ပြည်သူများအတွက် မွေးမြူရေးလုပ်ငန်းသည် တစ်ဖက်တစ်လမ်းမှ ဝင်ငွေများ ရရှိစေပြီး လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာ အထောက်အကူဖြစ်စေနိုင်ကြောင်း၊ ဒေသခံ ပြည်သူများအနေဖြင့် မွေးမြူရေးကိုအခြေခံပြီး ဖွံ့ဖြိုးတိုးတက်အောင် ညီညီညွတ်ညွတ် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။ ထို့နောက် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာနမှူး ဒေါက်တာ ကိုကိုစန်းမောင်က တိရစ္ဆာန် များတွင် ဖြစ်ပွားတတ်သည့် ခွာနာလျှာနာရောဂါ၊ ကျွဲ၊ နွား အရေပြားအကျိတ်နာရောဂါ၊ အာဖရိကဝက်အပြင်းဖျားရောဂါများအကြောင်းနှင့် မွေးမြူ ရေးနှင့် ကုသရေးဦးစီးဌာနက ကြက်လည် လိမ် ရောဂါကာကွယ်ဆေး၊ မျက်စဉ်းဆေးများ အခမဲ့ ဖြန့်ဖြူးပေးနေမှုများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သည့် လုပ်ငန်းရှင်များနှင့် ဒေသခံပြည်သူများက မွေးမြူ ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ လက်ရှိမွေးမြူနေမှု အခြေအနေများနှင့် လိုအပ် ချက်များကို ရှင်းလင်းတင်ပြကာ နေပြည်တော် ကောင်စီဝင်က ညှိနှိုင်းဆောင်ရွက်ပေးသည်။
အောင်ကိုကို (ပြန်/ဆက်)