မြစ်ကြီးနားမြို့နယ်အတွင်းရှိ နေရပ်စွန့်ခွာယာယီစခန်းခြောက်ခုမှ အိမ်ထောင်စုများအား ထပ်မံပြောင်းရွှေ့နေရာချထားပေးပြီး ထောက်ပံ့ပစ္စည်းများပေးအပ်

 

မြစ်ကြီးနား   ဇူလိုင်   ၁၆


ကချင်ပြည်နယ် အစိုးရအဖွဲ့အနေ ဖြင့် နေရပ်စွန့်ခွာယာယီစခန်းနေပြည်သူများအား ပြန်လည်နေရာ ချထားရေး၊   ပြန်လည်ထူထောင် ရေးနှင့်       ယာယီခိုလှုံရာစခန်း များ   ပိတ်သိမ်းနိုင်ရေးအတွက် ကြိုးပမ်း   ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၁၅ ရက် မွန်းလွဲ ၂ နာရီက မြစ်ကြီးနား       မြို့နယ်အတွင်းရှိ နေရပ်စွန့်ခွာ ယာယီတိမ်းရှောင် စခန်း   ခြောက်ခုမှ  အိမ်ထောင်စု ၃၀ ၊ လူဦးရေ  ၁၄၂  ဦးတို့အား ပလနကျေးရွာအုပ်စု ငွေပျော်စံပြ ကျေးရွာသို့       ၎င်းတို့ဆန္ဒအရ ပြောင်းရွှေ့   နေရာချထားပေးပြီး ပြည်နယ်ဝန်ကြီးချုပ်      ဦးခက် ထိန်နန်နှင့်   တာဝန်ရှိသူများက ကျေးရွာ          ဘက်စုံသုံးခန်းမ ၌       အိမ်ထောင်စုများအတွက်   ထောက်ပံ့ပစ္စည်းများကို  ပေးအပ်ကြသည်။

 


အဆိုပါ နေရပ်စွန့်ခွာယာယီတိမ်းရှောင်စခန်းနေ အိမ်ထောင်စု များအား ပြောင်းရွှေ့နေရာချထား ပေးခြင်းနှင့်   ထောက်ပံ့ပေးအပ် ခြင်းအခမ်းအနားတွင်   ပြည်နယ် ဝန်ကြီးချုပ်၊      ပြည်နယ်တရား လွှတ်တော်      တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊    ပြည်နယ်နှင့် ခရိုင် လေးခရိုင်မှ ညှိနှိုင်းဖျန်ဖြေ ရေးအဖွဲ့ဝင်များက   ပြောင်းရွှေ့ နေရာချထားပေးသည့်     အိမ် ထောင်စုများနှင့် ကျေးရွာတာဝန် ရှိသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကား     ပြောကြားသည်။

 


ထို့နောက်   အိမ်ထောင်စုများ အတွက်  ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရား လွှတ်တော်   တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများက    ပြည်နယ် အစိုးရအဖွဲ့က   ဆန်အိတ်  ၃၀  ၊ ခေါက်ဆွဲခြောက်ဖာ    ၃၀   နှင့် ကြက်ဥများ၊          ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ  စီမံခန့်ခွဲမှု ဦးစီးဌာနက ဆန်ရိက္ခာ တစ်လစာ ဖိုး ငွေကျပ် ၁၂၇၈၀၀၀ နှင့် ကျန်းမာ ရေးသုံးပစ္စည်းများ၊    ပြည်နယ်   ပညာရေးဌာနက          ကျောင်း သား        ကလေးငယ်များအတွက် ကျောင်းသုံး     ဗလာစာအုပ်များ၊ ပြည်နယ်ကြက်ခြေနီ   ကြီးကြပ်မှု ကော်မတီက   အိမ်ထောင်စုသုံး ပစ္စည်းများကို  ထောက်ပံ့ပေးအပ် ကြသည်။

 


ယင်းနောက်    ဒေသခံများက ကျေးလက်ကျန်းမာရေးဌာန  ရရှိ ရေး၊   ကျေးရွာပိုင်ဘောလုံးကွင်းဆောင်ရွက်ပေးနိုင်ရေးနှင့် တိုးချဲ့ အိမ်ရာ တည်ဆောက်ပေးနိုင်ရေး တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ် က  တာဝန်ရှိသူများနှင့်  ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးသည်။

 


အဆိုပါ   ပြောင်းရွှေ့နေရာချ ထားပေးသည့်   အိမ်ထောင်စုများ သည် မြစ်ကြီးနားမြို့ လယ်ကုန်း ရပ်ကွက်အတွင်းရှိ       ဗက်လင်၊ မလိယန်၊      ဇီးအုန်စခန်းများ၊ မြို့သစ်ကြီးရပ်ကွက်ရှိ     ဂျာမိုင် ကောင်း အာရ်စီ၊ မန်ခိန်နှစ်ခြင်း အသင်းတော်နှင့်    နန့်ကွေ့စိန် ယောဟန်စခန်းများမှ       အိမ် ထောင်စုများဖြစ်ကြပြီး         ယင်း ငွေပျော်စံပြ      ကျေးရွာသည် ယခုအခါ ပြန်လည်နေရာချထား ရေးအတွက်   တည်ဆောက်ပေး ထားသည့် နေအိမ်   ၅၀၂  အိမ်   ပြောင်းရွှေ့   နေရာချထားနိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။   


 ပြည်နယ်(ပြန်/ဆက်)