ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအဖွဲ့ချုပ်ကောင်စီအစည်းအဝေး တက်ရောက်

 

နေပြည်တော်   ဇူလိုင်   ၁၅


အားကစားနှင့်      လူငယ်ရေးရာ ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊    အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်နှင့် အဖွဲ့ဝင် လေးဦး တို့သည်     ဇူလိုင် ၁၁ ရက်မှ ၁၃ ရက်အထိ  ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့တွင်    ကျင်းပသည့် (၃၂)ကြိမ်မြောက်  အရှေ့တောင် အာရှအားကစားပြိုင်ပွဲ    အဖွဲ့ချုပ် ကောင်စီအစည်းအဝေး  (SEAGF) Council Meeting သို့ တက်ရောက် ခဲ့သည်။

 


ကြိုဆိုနှုတ်ဆက်


ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ သည်    ဇူလိုင် ၁၁ ရက်    နံနက် ၈ နာရီခွဲတွင် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ရှိ Sokha ဟိုတယ်၌ ကျင်းပသည့်   (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှ    အားကစား ပြိုင်ပွဲ အဖွဲ့ချုပ်ကောင်စီ အစည်း အဝေးသို့  တက်ရောက်လာသည့် အာဆီယံအဖွဲ့ဝင်   ၁၀  နိုင်ငံနှင့် တီမောလက်စတေ   နိုင်ငံတို့မှ ကိုယ်စားလှယ်များကို    ကမ္ဘော ဒီးယားနိုင်ငံဝန်ကြီးချုပ် SAMDECH AKA MOHA SENA PADEI TECHO HUN SEN က   ကြိုဆိုနှုတ်ဆက် သည့်အခမ်းအနားသို့ တက်ရောက် သည်။

 


မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီး   ဦးဆောင်သောအဖွဲ့ သည်   အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ   ကိုယ်စားလှယ်များနှင့်အတူ  (၃၂)ကြိမ်မြောက်     အရှေ့တောင် အာရှအားကစားပြိုင်ပွဲ     ကျင်းပ မည့် အားကစားကွင်း/အားကစား ရုံများသို့    သွားရောက်ကြည့်ရှု လေ့လာခဲ့ကြသည်။

 


ညစာစားပွဲတက်ရောက်ခဲ့


ညနေပိုင်းတွင်          Sokha ဟိုတယ်၌    ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊  ကာကွယ်ရေး ဝန်ကြီး၊          (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ      အားကစား ပြိုင်ပွဲ    ကျင်းပရေးကော်မတီ ဥက္ကဋ္ဌက    တည်ခင်းဧည့်ခံသည့် ညစာစားပွဲ       အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး  ဦးဆောင် သောအဖွဲ့သည် အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ   ကိုယ်စားလှယ်များ နှင့်အတူ တက်ရောက်ခဲ့ကြသည်။

 


ဇူလိုင် ၁၂ ရက် နံနက်ပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ   ဖနောင်ပင် မြို့ရှိ    Sokha ဟိုတယ်၌ ကျင်းပ သည့်       အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ   အားကစားနှင့် ဥပဒေရေးရာကော်မတီ  အစည်း အဝေး(SEAGF Sports and Rule Committee          Meeting)၊ အားကစားဆေးဘက်ဆိုင်ရာနှင့် တားမြစ်ဆေးဝါး        ကော်မတီ အစည်းအဝေး (SEAGF Medical and Anti-Doping Committee Meeting)၊ အမျိုးသမီးအားကစားကော်မတီအစည်းအဝေး  (SEAGF Women in Sports Committee Meeting)၊      သတင်းပြန်ကြား ရေးနှင့်       ရုပ်သံထုတ်လွှင့်ရေး အစည်းအဝေး       (SEAGF Media and Broadcasting Meetting)များသို့  ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များ        တက်ရောက် ဆွေးနွေးခဲ့ကြပြီး  မွန်းလွဲပိုင်းတွင် ကျင်းပသည့်     အလုပ်အမှုဆောင် ကော်မတီ အစည်းအဝေး  (SEAGF Executive Committee Meeting) သို့     အားကစားနှင့်  ကာယပညာ ဦးစီးဌာန   ညွှန်ကြားရေးမှူးချုပ် နှင့်အဖွဲ့တို့    တက်ရောက်ခဲ့ကြ သည်။

 


အားကစားနည်းများ သတ်မှတ်ခြင်း


ဇူလိုင် ၁၃ ရက် နံနက်ပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ    ဖနောင်ပင် မြို့ရှိ Sokha   ဟိုတယ်၌  ကျင်းပ ပြုလုပ်သည့်  (၃၂)  ကြိမ်မြောက် အရှေ့တောင်အာရှ        အားကစား ပြိုင်ပွဲ အဖွဲ့ချုပ်ကောင်စီ အစည်း အဝေး (SEAGF) Council Meeting သို့   ကမ္ဘောဒီးယားနိုင်ငံ    ဒုတိယ ဝန်ကြီးချုပ် ကာကွယ်ရေးဝန်ကြီး၊ (၃၂)ကြိမ်မြောက်  အရှေ့တောင် အာရှအားကစားပြိုင်ပွဲ      ကျင်းပ ရေးကော်မတီဥက္ကဋ္ဌက    တက် ရောက်    အမှာစကားပြောကြားရာ ပြည်ထောင်စုဝန်ကြီးနှင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ       ကိုယ်စား လှယ်များ   တက်ရောက်ခဲ့ကြပြီး (၃၂)ကြိမ်မြောက်   အရှေ့တောင် အာရှ     အားကစားပြိုင်ပွဲတွင် ထည့်သွင်းကျင်းပမည့် အားကစား နည်းများအား      သတ်မှတ်ခြင်း၊ အားကစားပြိုင်ပွဲဆိုင်ရာ စည်းမျဉ်း/ စည်းကမ်းများ        ပြင်ဆင်ရေးဆွဲ အတည်ပြုခြင်း၊     နောင်    SEA Games    ပြိုင်ပွဲများ  ကျင်းပမည့် အိမ်ရှင်နိုင်ငံများ        သတ်မှတ် အတည်ပြုခြင်းတို့ကို    ဆုံးဖြတ်ကြ သည်။

 


ညနေပိုင်းတွင်  ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည်     ကမ္ဘော ဒီးယားနိုင်ငံ             ဖနောင်ပင် အပြည်ပြည်ဆိုင်ရာ       လေဆိပ်မှ ပြန်လည်ထွက်ခွာရာ   ယမန်နေ့ နံနက် ၁၁ နာရီခွဲတွင်    ရန်ကုန် မြို့သို့ ပြန်လည်ရောက်ရှိကြောင်း သိရသည်။    
           

သတင်းစဉ်