မော်တော်ယာဉ်မောင်းနှင်သူသည် မိမိရှေ့မှယာဉ်ကို ကျော်တက်လိုပါက ဂရုပြုရမည့်အချက်များ {နည်းဥပဒေ ၂၉၀(က)}

 

မော်တော်ယာဉ်မောင်းနှင်သူသည်    မိမိရှေ့မှမော်တော်ယာဉ်ကို  ကျော်တက်လိုလျှင် အောက်ပါအချက်များကို ဂရုပြုရပါမည်-


    (က)    နောက်မှလိုက်ပါနေသော  မော်တော်ယာဉ်သည်  မိမိ မော်တော်ယာဉ်ကို ကျော်တက်ရန် ပြင်ဆင်နေခြင်းရှိ မရှိ၊
    (ခ)    မိမိကျော်တက်လိုသော   မော်တော်ယာဉ်သည်  ယင်း၏ ရှေ့ရှိ  မော်တော်ယာဉ်ကို ကျော်တက်ရန် ပြင်ဆင်ခြင်း ရှိ မရှိ၊ 
    (ဂ)    ကျော်တက်ရာတွင် မိမိအသုံးပြုမည့် ယာဉ်ကြောသွားလာမှု ရှင်း မရှင်း။ 


ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန