ဥပဒေဘောင်အတွင်းဝင်ရောက်လာသည့် ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF အဖွဲ့ဝင်များအား ၄င်းတို့၏မိဘအုပ်ထိန်းသူများထံ လွှဲပြာင်းပေးအပ်

 

နေပြည်တော်  ဇူလိုင်   ၁၅


တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့ပြီး   ပြစ်မှုကျူးလွန် ခဲ့ခြင်းမရှိသည့်   ဥပဒေဘောင်အတွင်း   ဝင်ရောက် လာသော  ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ  PDF အဖွဲ့ဝင်များအား     မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေးအပ်ခြင်းကို    ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး  အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ပြုလုပ်သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကားပြောကြားသည်။

 

ထို့နောက် ရန်ကုန်တိုင်းစစ်ဌာနချုပ်    တိုင်းမှူး   ဗိုလ်ချုပ် ညွန့်ဝင်းဆွေက  အသိပညာပေးစကားပြောကြား သည်။

 


ထို့နောက်  ဥပဒေဘောင်အတွင်း  ဝင်ရောက် ခဲ့သည့်  ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ PDF အဖွဲ့ဝင် အမျိုးသားခုနစ်ဦး တို့ကို  ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ထောက်ပံ့ပစ္စည်းများ  ပေးအပ်ပြီး  ၄င်းတို့၏မိဘ အုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံပေးကြသည်။ ဆက်လက်၍ ဥပဒေဘောင်အတွင်း ဝင်ရောက်ခဲ့သည့် PDF အဖွဲ့ဝင်တစ်ဦး၏  ဖခင်ဖြစ်သူက ကျေးဇူးတင် စကား ပြန်လည်ပြောကြားသည်။ 

 


အလားတူ ဇူလိုင် ၁၄ ရက်ကလည်း ဥပဒေဘောင် အတွင်း ဝင်ရောက်ခဲ့သည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့ သော ကရင်ပြည်နယ် ဘားအံမြို့နယ်မှ PDF အဖွဲ့ဝင် အမျိုးသားတစ်ဦးကို   အရှေ့တောင်တိုင်းစစ်ဌာနချုပ် မှ တာဝန်ရှိသူများက လှိုင်းဘွဲမြို့နယ်ရှိ နယ်မြေခံတပ် အစည်းအဝေးခန်းမ၌    ဝန်ခံကတိလက်မှတ်ရေး ထိုးစေကာ ထောက်ပံ့ပစ္စည်းများနှင့် ထောက်ပံ့ငွေ များပေးအပ်ပြီး  ၎င်း၏မိဘအုပ်ထိန်းသူများထံသို့ ပြန်လည်လွှဲပြောင်းအပ်နှံပေးခဲ့ကြောင်း  သိရသည်။ 

 


PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးတို့အနေဖြင့် နိုင်ငံတော်၏  ရှေ့လုပ်ငန်းစဉ်များတွင်  ပါဝင် ပူးပေါင်းဆောင်ရွက်နိုင်ရေး   သတ်မှတ်စည်းကမ်း ချက်များနှင့်အညီ ဥပဒေဘောင်အတွင်းသို့လက်နက် အပ်နှံပြီး  ပြည်သူ့ဘဝသို့  ပြန်လည်ဝင်ရောက်ခြင်း ပြုမည်ဆိုပါက  ကြိုဆိုလက်ခံသွားမည်ဖြစ်ကြောင်း နိုင်ငံတော်အစိုးရက ထုတ်ပြန်ထားပြီးဖြစ်ရာ ပြစ်မှု ကျူးလွန်ခဲ့ခြင်းမရှိသော   PDF   အဖွဲ့ဝင်များက တိုင်းဒေသကြီးနှင့်  ပြည်နယ်အသီးသီး၌  ဥပဒေ ဘောင်အတွင်း ပြန်လည်ဝင်ရောက်လျက်ရှိကြသဖြင့် သက်ဆိုင်ရာ  တာဝန်ရှိသူများက   ၄င်းတို့၏မိဘ အုပ်ထိန်းသူများထံသို့  လွှဲပြောင်းအပ်နှံပေးလျက်ရှိ ကြောင်း သတင်းရရှိသည်။             
       

သတင်းစဉ်