နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများအား တွေ့ဆုံ

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများ၊ နယ်မြေခံတပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် မြို့မိမြို့ဖ များအား တွေ့ဆုံ

နေပြည်တော်  ဇူလိုင်  ၁၅

 


စစ်ကိုင်းတိုင်းဒေသကြီး      နာဂ ကိုယ်ပိုင်      အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့သို့  ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်      ကာကွယ်ရေးဝန်ကြီး ဌာန          ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊    တိုင်း ဒေသကြီး ဝန်ကြီးချုပ်   ဦးမြတ် ကျော်၊     အနောက်မြောက်တိုင်း စစ်ဌာနချုပ်  တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်နှင့်      တာဝန်ရှိသူများ သည် ဇူလိုင် ၁၄ ရက် နံနက်ပိုင်း တွင် လဟယ်မြို့ရှိ  နယ်မြေခံတပ် ရင်းခန်းမ၌    အရာရှိ၊   စစ်သည်၊ မိသားစုဝင်များအား တွေ့ဆုံအမှာ စကားပြောကြားပြီး    တပ်နယ် မိသားစုများအတွက် စားသောက် ဖွယ်ရာများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ ပေးအပ်သည်။

 


ယင်းနောက်    ပြည်ထောင်စု ဝန်ကြီးနှင့်  တာဝန်ရှိသူများသည် လဟယ်မြို့    ပြည်သူ့ဆေးရုံသို့ ရောက်ရှိပြီး  ဒေသခံတိုင်းရင်းသား များအား  ကိုဗစ် - ၁၉   ရောဂါ ကာကွယ်ဆေး       Booster Dose ထိုးနှံပေးနေမှုများကို    ကြည့်ရှု အားပေးကြသည်။

 


ထို့နောက်  လဟယ်မြို့    နာဂ ရိုးရာစာပေနှင့် ယဉ်ကျေးမှုပြတိုက် ၌ မြို့မိမြို့ဖများ၊  ဒေသခံတိုင်းရင်း သားများ၊   ရိုးရာယဉ်ကျေးမှုအဖွဲ့ များနှင့်   တွေ့ဆုံရာ   တာဝန်ရှိသူ များက နာဂဒေသဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများနှင့်   ပတ်သက်၍ တင်ပြကြပြီး     တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်        ဌာနဆိုင်ရာ တာဝန်ရှိသူများက    ဖြည့်စွက် တင်ပြကြရာ     ပြည်ထောင်စု ဝန်ကြီးက  တင်ပြချက်များအပေါ် လိုအပ်သည်များကို   တာဝန်ရှိသူ များနှင့်       ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး        ဒေသခံ တိုင်းရင်းသားများအား စားသောက် ဖွယ်ရာများ ပေးအပ်သည်။ 

 


ဆက်လက်၍  ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် လဟယ်မြို့ ရှိ အမျိုးသမီး အိမ်တွင်းမှုသက်မွေး ပညာသင်တန်းကျောင်း၊ သင်တန်း ခန်းမ၌ ပြုလုပ်သည့် ဒေသအဆင့်၊     မြို့နယ်အဆင့်  ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲသို့   တက်ရောက်ကြရာ        နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊    ဒေသ          စီမံအုပ်ချုပ်ရေးအဖွဲ့   အတွင်းရေးမှူး   ဦးနေမင်းသူက    ဒေသဆိုင်ရာ    အချက်အလက် များကို     ရှင်းလင်းတင်ပြပြီး  တိုင်းဒေသကြီး     ဝန်ကြီးချုပ်က ဖြည့်စွက်တင်ပြသည်။

 


ယင်းနောက်    ပြည်ထောင်စု ဝန်ကြီးက   ဌာနဆိုင်ရာဝန်ထမ်း များအား   ထောက်ပံ့ငွေများနှင့် စားသောက်ဖွယ်ရာများ   ပေးအပ် ပြီး         တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး ကာ  တွေ့ဆုံပွဲသို့ တက်ရောက်လာ ကြသူများအား     ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေး၍    သင်တန်း ခန်းမရှိ သင်တန်းသူများ ချုပ်လုပ် ထားသော အဝတ်အထည်များနှင့် လက်မှုပစ္စည်းများကို    ကြည့်ရှု အားပေးကြသည်။

 


ညနေပိုင်းတွင် ပြည်ထောင်စု ဝန်ကြီး၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနှင့်        တာဝန်ရှိ သူများသည်        လဟယ်မြို့  ထေရဝါဒ ဗုဒ္ဓသာသနာပြု (ဗဟို)ဘုန်းတော်ကြီးကျောင်းနှင့် ထေရ ဝါဒဗုဒ္ဓသာသနာပြု       သီလရှင် ကျောင်း (လဟယ်)သို့ သွားရောက် ၍    လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း  သတင်းရရှိ သည်။                    

 

သတင်းစဉ်