
နှစ်နိုင်ငံ နိုင်ငံတော်အဆင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်ခိုင်မာအောင်
ဆောင်ရွက်နိုင်မည့်အခြေအနေများနှင့်ပတ်သက်၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေး
နေပြည်တော် ဇူလိုင် ၁၅
ရုရှားဖက်ဒရေးရှင်း နိုင်ငံ၌ ရောက်ရှိနေသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်သည် ဇူလိုင် ၁၄ ရက် ဒေသစံတော်ချိန် နံနက်ပိုင်းတွင် စိန့်ပီတာစဘတ် မြို့ အစိုးရအဖွဲ့အကြီးအကဲ Mr. Alexander Beglov နှင့် အစိုးရအဖွဲ့ရုံး၌ တွေ့ဆုံဆွေးနွေး သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲ သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်နှင့်အတူ ကောင်စီဝင် မန်းငြိမ်းမောင်၊ တွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ် ကြီး ရဲဝင်းဦးနှင့် ခရီးစဉ်တွင် လိုက်ပါလာသည့် စစ်ဘက်၊ နယ်ဘက်မှ အရာရှိကြီးများ၊ ရုရှား ဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာ နိုင်ငံ သံအမတ်ကြီး ဦးလွင်ဦး၊ စစ်သံမှူး ဗိုလ်မှူးချုပ် မိုးကျော်တို့ တက်ရောက်ကြပြီး စိန့်ပီတာစဘတ်မြို့ အစိုးရအဖွဲ့ အကြီးအကဲနှင့်အတူ ရုရှား-မြန်မာ ချစ်ကြည်ရေး အသင်း ဒုတိယဥက္ကဋ္ဌနှင့် စိန့်ပီတာစဘတ်မြို့ အစိုးရအဖွဲ့ဝင်အရာရှိကြီးများ တက်ရောက်ကြ သည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် စိန့်ပီတာစဘတ် မြို့ အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များအား ခင်မင်ရင်းနှီးစွာ ကြိုဆိုကြောင်းနှင့် ရုရှား-မြန်မာ နှစ်နိုင်ငံ ကောင်းမွန် သည့် ဆက်ဆံရေးသမိုင်းကြောင်းသည် နှစ်ပေါင်း ၇၅ နှစ်ကျော်ရှိပြီဖြစ်သည့် အခြေအနေ၊ စိန့်ပီတာ စဘတ်မြို့ အခြေစိုက်ကုမ္ပဏီများအနေဖြင့် မြန်မာ နိုင်ငံရှိ စိုက်ပျိုးရေးလုပ်ငန်းများတွင် လာရောက် ပူးပေါင်းဆောင်ရွက်လိုသည့် အခြေအနေများအပြင် ကျန်းမာရေးစောင့်ရှောက်မှုနယ်ပယ်၊ ပညာရေး နယ်ပယ်၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုနယ်ပယ်၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနယ်ပယ်၊ ဘာသာ သာသနာ ထွန်းကားပြန့်ပွားရေးအတွက် ယဉ်ကျေးမှု ဖလှယ်ရေးရာနယ်ပယ် စသည်ဖြင့် နယ်ပယ်ပေါင်းစုံ တွင် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက် နိုင်မည့် အခြေအနေ။
မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည် ချက် ၉ ရပ်အပြင် ကောင်းမွန်သည့်မူဝါဒများ ချမှတ်၍ နိုင်ငံတော်အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက် အောင် ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံအနေဖြင့် အမျိုးသား အကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေးအတွက် ဆောင်ရွက်နေသည့် အခြေအနေ၊ ဇူလိုင်လ ၁ ရက် တွင် မြန်မာနိုင်ငံအနေဖြင့် ရုရှားနိုင်ငံသားများကို မိတ်ဆွေရင်းနိုင်ငံပီသစွာ ဗီဇာကင်းလွတ်ခွင့်ပေးခဲ့သည့်အတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံသားများ အားလုံးကိုယ်စား ကျေးဇူးတင်ရှိသည့် အခြေအနေ၊ စိန့်ပီတာစဘတ်မြို့တွင် မြန်မာနိုင်ငံဆိုင်ရာ ကောင်စစ်ဝန်ချုပ်ရုံးဖွင့်လှစ်နိုင်ရေး အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အခြေ အနေ၊ state level ၊ regional level ပူးပေါင်း ဆောင်ရွက်မှုများမှတစ်ဆင့် နှစ်နိုင်ငံ နိုင်ငံတော် အဆင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်ခိုင်မာအောင် ဆောင်ရွက်နိုင်မည်ဖြစ်သည့် အခြေအနေများနှင့်ပတ်သက်၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
မေးခွန်းများဖြေကြား
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် စိန့်ပီတာစဘတ်မြို့ အစိုးရအဖွဲ့အကြီးအကဲတို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြပြီး တက်ရောက်လာကြသည့် ရုရှား ဖက်ဒရေးရှင်းနိုင်ငံမှ သတင်းမီဒီယာများ၏ သိရှိ လိုသည့် မေးခွန်းများကို အတူတကွ ဖြေကြားခဲ့ကြ သည်။
လိုက်လံရှင်းလင်းပြသ
ထို့နောက် စိန့်ပီတာစဘတ်မြို့ အစိုးရအဖွဲ့ အကြီးအကဲက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား အစိုးရအဖွဲ့ရုံးအတွင်း လှည့်လည်ပြသ၍ နိုင်ငံ့ ခေါင်းဆောင်များ ယခင်တာဝန်ထမ်းဆောင်ခဲ့သည့် ရုံးခန်းများနှင့် ရုံးဖွဲ့စည်းဆောင်ရွက်မှုများအား လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်