တရားမဝင် သစ်မျိုးစုံ၊ အမိုနီယမ်နိုက်ထရိတ်၊ လူသုံးကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်   ဇူလိုင်    ၁၄


တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး        ဦးဆောင် ကော်မတီ၏   ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို  ဥပဒေနှင့်အညီ  ထိရောက်စွာ   တားဆီးအရေးယူနိုင်ရေး      ဆောင်ရွက်လျက်ရှိရာ ဇူလိုင်  ၈  ရက်တွင်  ရှမ်းပြည်နယ်တရားမဝင်   ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏   စီမံခန့်ခွဲ မှုဖြင့် လားရှိုးမြို့နယ် အကောက်ခွန်ဦးစီးဌာနမှူး ရုံးအဖွဲ့ဦးဆောင်သော      စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကုန်တင်ယာဉ်သုံးစီး ပေါ်၌ တရားဝင်စာရွက်စာတမ်း အထောက်အထား   တစ်စုံတစ်ရာ   တင်ပြနိုင်ခြင်းမရှိသည့်    အဝတ် အထည်နှင့် လူသုံးကုန်ပစ္စည်းများ (ခန့်မှန်းတန်ဖိုး ငွေကျပ်   ၆၁၄၈၂၅၀၀) နှင့် အဆိုပါပစ္စည်းများ    တင်ဆောင်လာသည့်   ISUZU   အမျိုးအစား ကုန်တင်ယာဉ်တစ်စီး      (ခန့်မှန်းတန်ဖိုးငွေကျပ်   ၁၆၀၀၀၀၀၀)၊  Nissan Condor အမျိုးအစား ကုန်တင်ယာဉ်တစ်စီး        (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၀၀၀၀၀၀) နှင့် Hino  Ranger   အမျိုးအစား ကုန်တင်ယာဉ်တစ်စီး    (ခန့်မှန်းတန်ဖိုးငွေကျပ်  ၂၃၀၀၀၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၉၄၈၂၅၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ    အရေးယူဆောင်ရွက် လျက်ရှိသည်။

 


ထို့အတူ ဇူလိုင် ၁၂ ရက်တွင် ကချင်ပြည်နယ်    တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး   အထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ဌာနဆိုင်ရာ ပူးပေါင်းစစ်ဆေး ရေးအဖွဲ့က    မိုးညှင်းမြို့နယ်   နန့်စီးအောင်  ပူးပေါင်း စစ်ဆေးရေးဂိတ်တွင်  စစ်ဆေးမှုများဆောင်ရွက် ခဲ့ရာ မန္တလေးမြို့မှ မိုးညှင်းမြို့ဘက်သို့ မောင်းနှင် လာသော   ၁၂  ဘီး  ကုန်တင်ယာဉ် တစ်စီးပေါ်၌ ထိန်းချုပ်ဓာတုပစ္စည်းများဖြစ်သည့်        အမိုနီယမ် နိုက်ထရိတ်  ၁၇၆၀  ကီလိုဂရမ် (ခန့်မှန်းတန်ဖိုး ငွေကျပ်    ၁၇၆၀၀၀၀)   ကို  ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးနှင့်   စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ    ဥပဒေနှင့်အညီ   အရေးယူ ဆောင်ရွက်လျက်ရှိသည်။ 

 


သစ်တောဥပဒေနှင့်အညီ  အရေးယူ


ယင်းအပြင် မကွေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု  တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲ မှုဖြင့်  ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မင်းတုန်းမြို့နယ်၊ ကံမမြို့နယ်နှင့်        နတ်မောက်မြို့နယ်များအတွင်း     တရားမဝင် သစ်မျိုးစုံ ၉  ဒသမ  ၁၇၄၈  တန် (ခန့်မှန်းတန်ဖိုး ငွေကျပ်  ၃၇၈၅၃၆၄)   ကို    ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ   အရေးယူဆောင်ရွက် လျက်ရှိသည်။

 


အလားတူ   ဇူလိုင်  ၁၄  ရက် တွင်      ပဲခူးတိုင်း ဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏    စီမံခန့်ခွဲမှုဖြင့်   တိုင်းဒေသကြီး     သစ်တောဦးစီးဌာန  ဦးဆောင်သော စစ်ဆေးရေး အဖွဲ့က  စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ   ပဲခူး ခရိုင်နှင့်  သာယာဝတီခရိုင်များအတွင်း    တရားမဝင် ကျွန်းသစ်ခွဲသား  ၁ ဒသမ ၄၉၈၆ တန်   (ခန့်မှန်း တန်ဖိုးငွေကျပ်  ၉၈၉၀၇၆)  ကို  ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ     အရေးယူဆောင်ရွက် လျက်ရှိသည်။

 


အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ    အရေးယူ


ထို့ပြင် ကရင်ပြည်နယ် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏        စီမံခန့်ခွဲမှုဖြင့် ကော့ကရိတ်  (တံတားကျိုး)  စုပေါင်းစစ်ဆေးရေး စခန်း၌     တာဝန်ကျပူးပေါင်းအဖွဲ့က    စစ်ဆေးမှု များဆောင်ရွက်ခဲ့ရာ     ကုန်တင်ယာဉ်တစ်စီးပေါ်၌   သွင်းကုန်ကြေညာလွှာ  (ID)  တွင်   ကြေညာ ထားသည်ထက်           ပိုမိုတင်ဆောင်လာသော မီးဖိုချောင်သုံး  ဂက်စ်မီးဖို   အလုံး  ၁၀၀    (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၀၀၀၀၀၀) ကို  ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ    အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 


သို့ဖြစ်ပါ၍ ဇူလိုင် ၈ ရက်၊ ၁၂ ရက်နှင့်  ၁၄ ရက်များတွင် ဖမ်းဆီးရမိမှု  စုစုပေါင်းမှာ  အမှုတွဲ  (၁၃) မှု      (ခန့်မှန်းတန်ဖိုးငွေကျပ်  ၁၂၉၀၁၆၉၄၀)      ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး  ဦးဆောင်ကော်မတီမှ သိရသည်။    

သတင်းစဉ်