ရန်ကုန်တိုင်းအတွင်း အခြေခံစားကုန်များ ရွေ့လျားဈေးကားများဖြင့် ဆက်လက်ရောင်းချ

 

ရန်ကုန်   ဇူလိုင်  ၁၄


ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့်    မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်း ရှင်များအသင်း၊ ဆန် Exporter ကုမ္ပဏီကြီးများက ရန်ကုန်တိုင်းဒေသကြီးအတွင်း စားသုံးသူပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရန်အတွက် ရန်ကင်း၊ သာကေတ၊ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာ၊ တာမွေ မြို့နယ်များတွင် ဆန်ကြမ်းတစ်ပြည် ကျပ် ၁၀၀၀၊ ပေါ်ဆန်းမွှေးတစ်ပြည် ကျပ် ၁၇၀၀၊ ဆီငါးဆယ်ကျပ်သား တစ်ဘူး ကျပ် ၂၉၀၀၊ ကြက်ဥ ၁၀ လုံးတစ်ကတ် ကျပ် ၁၇၀၀ နှုန်းဖြင့် ဇူလိုင် ၁၃ ရက်က ရွေ့လျားဈေးကားဖြင့် ရောင်းချပေးလျက်ရှိသည်။                                                     

ကိုရိုး