မူဆယ်မြို့နယ် တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှုများပြုလုပ်

 

မူဆယ်    ဇူလိုင်    ၁၄


ရှမ်းပြည်နယ်        (မြောက်ပိုင်း) မူဆယ်မြို့ မွေးမြူရေးနှင့်     ကုသ ရေးဦးစီးဌာနက     မွေးမြူရေး    တိရစ္ဆာန်များတွင်  ရောဂါဖြစ်ပွား ကျရောက်ခြင်းမှ       ကြိုတင် ကာကွယ်နိုင်ရေးအတွက် လှုပ်ရှား မှုကို   ဇူလိုင် ၁၁ ရက်မှ  ဇူလိုင်  ၁၇    ရက်အထိ   ရက်သတ္တပတ် အဖြစ်သတ်မှတ်၍         ပြုလုပ် ဆောင်ရွက်လျက်ရှိကြောင်း  သိရ သည်။

 


အဆိုပါ   လှုပ်ရှားမှုပြုလုပ်ရာ တွင် မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာန       လက်ထောက်ညွှန်ကြား ရေးမှူး ဒေါက်တာ စန္ဒာကြည်က မွေးမြူရေး    တိရစ္ဆာန်များတွင် ဖြစ်သည့်     ခွာနာလျှာနာရောဂါ၊  အရေပြားအကျိတ်နာရောဂါနှင့် အာဖရိက  ဝက်အပြင်းဖျား ရောဂါ  ကာကွယ်ထိန်းချုပ်ရေး    လုပ်ငန်း များ   ဆောင်ရွက်ခြင်း၊   တိရစ္ဆာန် ကူးစက်ရောဂါ လက္ခဏာများကို စူးစမ်းထောက်လှမ်းခြင်း၊ နမူနာ ကောက်ယူခြင်းနှင့် ဓာတ်ခွဲခန်းသို့ ပေးပို့ခြင်း၊ ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊       ဇီဝလုံခြုံမှု လုပ်ငန်း များ    ဆောင်ရွက်ခြင်းနှင့်   ကာကွယ်ဆေးထိုးခြင်း စသည့်လုပ်ငန်းများကို    နမ့်အွမ်၊    မိုင်းယုကျေးရွာအုပ်စု         များသို့  ရက်သတ္တပတ်အတွင်း      ဆောင် ရွက်လျက်ရှိပြီး  မူဆယ်မြို့နယ်၌   ကျန်ရှိကျေးရွာများသို့       ဆက် လက်၍    အကောင်အထည်ဖော်       ဆောင်ရွက်သွားမည်ဖြစ်ကြောင်း    နှင့် ထိုသို့    ကွင်းဆင်းဆောင်ရွက်ရာ တွင် ဌာနဝန်ထမ်းများနှင့် တိရစ္ဆာန်  ကျန်းမာရေး   လုပ်သားများဖြင့်   ဖွဲ့စည်းထားသော    အရေးပေါ် တုံ့ပြန်ရေးအဖွဲ့များ  ဖွဲ့စည်းထား ပြီး  ဆောင်ရွက်ခြင်းဖြစ်ကြောင်း  သိရှိရသည်။


အယ်လ်စိုး(မူဆယ်)