
ရန်ကုန် ဇူလိုင် ၁၄
ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ဆေးတက္ကသိုလ် (၁) ရန်ကုန်တွင် ဘွဲ့ကြို/ဘွဲ့လွန်သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
သို့ပါ၍ ဘွဲ့ကြို (M.B;B.S) နောက်ဆုံးနှစ် အပိုင်း (ခ) စာမေးပွဲအောင်မြင်ခဲ့ကြသူများသည် ၂၀၂၂ ဇူလိုင် ၁၈ ရက်မှ စတင်၍ ဆေးတက္ကသိုလ် (၁) ရန်ကုန်၏ သင်ကြားရေးဆေးရုံကြီးများ တွင် အလုပ်သင်ဆရာဝန်အဖြစ် လေ့ကျင့်တာဝန် ထမ်းဆောင်ကြရမည်ဖြစ်ရာ လူနာများနှင့် တိုက်ရိုက် မထိတွေ့မီ ပုံတူပြု လေ့ကျင့်သင်ကြားခြင်းစနစ်ဖြင့် စုပေါင်းသင်ကြားခြင်း(Common Module) သင်တန်း ကို ဇူလိုင် ၁၃ ရက်နှင့် ၁၄ ရက်များတွင် ဆေး တက္ကသိုလ် (၁) ရန်ကုန်ရှိ ဆေးပညာကျွမ်းကျင်မှု ပုံတူပြု လေ့ကျင့်ရေးကို သုတေသနဌာန၌ ပြုလုပ်ခဲ့ ပြီး အလုပ်သင်ဆရာဝန် စုစုပေါင်း ၁၂၆ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်၊၊
သတင်းစဉ်